25

11.7K 1.9K 316
                                    

[Unicode]

'ဖုန်းတစ်လုံး၊ ပုန်းလျှိုးဝှက်လျှိုး'

ပိုင်ရှင်းယွီ ယွီဖုန်းချန်အား နှစ်ရက်ကြာအောင် ရှောင်နိုင်ခဲ့ပေမယ့် သူ ထပ်ရှောင်ပြေးနိုင်ခြင်းမရှိတော့။ နောက်ဆုံးမှာတော့၊ မနက်ခင်းအပြေးလေ့ကျင့်ခန်း ပြီးချိန်တွင် ယွီဖုန်းချန် သူ့ကို ဖမ်းမိသွားပြီး စစ်လေ့ကျင့်ရေးကွင်းပြင်ကို ဆွဲခေါ်သွားတော့လေသည်။ အပြင်ပန်းတွင်တော့ သူ ပိုင်ရှင်းယွီ လေ့ကျင့်ရေးကို ကူပေးချင်တယ်ဟု ပြောနေပေမယ့် သူ့မျက်ဝန်းထဲ တဖျက်ဖျက်လက်နေသည့် မကောင်းကြံစည်မှုအပြည့်နှင့်အကြည့်က သူပြောသမျှအကုန်လုံးအား ဆန့်ကျင်နေလေသည်။

ဆောင်းဦးရောက်နေပြီးမို့ မနက်ခင်းအလင်းထွက်ချိန်က တစ်နေ့ထက်တစ်နေ့ နောက်ကျလာသည်။ မနက်စောစောအချိန်ကလည်း ညနက်နက်နှင့်တူလှသည်။ အနီးတစ်ဝှက်မှာလည်း ဘယ်သူမှမရှိ၊ ဆောင်းလေအေးများကလည်း တိုက်ခတ်ကာနေသည်။ ပိုင်ရှင်းယွီ နှလုံးသားနုနုလေးက တဒုန်းဒုန်း ခုန်မြည်နေသည်။ ယွီဖုန်းချန် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လူ မျက်နှာပူအောင် ဘယ်လိုတွေလုပ်ဦးမလဲ သူမသိ။

ယွီဖုန်းချန် ပြောလာသည်။ "မင်း ဒီနေ့ဆိုရင်ကို သေနတ်ကိုင်ရတော့မယ်၊ ဒီအတားအဆီးကို အခုထိ မကျော်နိုင်သေးဘူး။ မင်း ဝက်တွေကို အစာကျွေးချင်နေတာလား။"

ပိုင်ရှင်းယွီမှာ ဝက်ကို အစာကျွေးသည့်ကိစ္စအကြောင်း ကြားသည်နှင့် ကြက်သီးများထလာတော့သည်။ "ငါ ကျော်နိုင်တော့မှာပါ။"

ယွီဖုန်းချန် အေးတိအေးစက် ပြောလိုက်သည်။ "မင်း မလုပ်နိုင်လည်း ဘာမှတော့မဖြစ်ပါဘူး။ တပ်ရင်းရောက်သွားရင်လည်း အခြားသူတွေအတွက် အဟန့်အတားတစ်ခုလိုဖြစ်လာမှာ၊ မင်း ဟင်းချက်ဆောင်ပဲသွားပြီး အသုံးဝင်တာလေး တစ်ခုခုဖြစ်လာအောင် နေပေါ့။"

ပိုင်ရှင်းယွီ လျှာထုတ်ပြောင်ပြပြီး ပြောလိုက်သည်။ "ငါ ကျော်ကိုကျော်နိုင်ရမယ်!"

ယခုဆိုလျှင်ဖြင့် ယွီဖုန်းချန်၏ ချော့တလှည့်၊ ခြောက်တလှည့် သင်ကြားမှုအောက်တွင် ပိုင်ရှင်းယွီ အတားအဆီးတိုင်းကို သူ့ဘာသာ ကျော်ဖြတ်နိုင်နေပြီးဖြစ်သည်။ သူ လေ့ကျင့်ဖို့ လိုနေသည့် တစ်ခုတည်းသောအရာမှာ အမြန်နှုန်းပင်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now