77

11.9K 1.9K 676
                                    

[Unicode]

'ဒုတိယမြောက် မစ်ရှင်'

ယွီဖုန်းချန် မေးလိုက်သည်။ "အခြေအနေက ဘယ်လိုလဲ။"

"အလျင်မလိုဘူး။ မြေပေါ် ရောက်မှ ပြောကြတာပေါ့။ ဟုတ်သား၊ မင်းတို့အတွက် သတင်းကောင်းလေးရှိတယ်။ နောက်ထပ်မစ်ရှင်ကလည်း နယ်စပ်နားမှာပဲဆိုတော့ ငါတို့ အချိန်တစ်ခုအထိ Urumqi စခန်းကို မပြန်သေးဘူး။ အဲ့အစား xx တပ်ရင်းအနားမှာ စခန်းချပြီး နောက်မစ်ရှင်အတွက် လိုအပ်မယ့်ကိရိယာတွေ ရောက်လာမှာကို အသင့်စောင့်နေကြမယ်။" ဟော့ချောင် စကားဆုံးသည်နှင့် ချန်းကျင်းရှိရာဘက်သို့ မျက်လုံးမှိတ်ပြလိုက်လေသည်။

ချန်းကျင်း အံ့အားသင့်သွားရသည်။ "ကျွန် .. ကျွန်တော်တို့ တပ်ရင်းကို သွားမှာလား။" သူ၏ဖြူလျော့ပြီးသားမျက်နှာလေးက အရောင်တောက်လာသည်။

ပိုင်ရှင်းယွီနှင့်ယွီဖုန်းချန်လည်း အလွန်အမင်း ပျော်ရွှင်လို့သွား၏။ သူတို့ xx တပ်ရင်းမှ ထွက်လာရသည်မှာ ၆လကျော်နေပြီဖြစ်ပြီး ဒီကြားထဲ ပြန်သွားရဖို့ အခွင့်အရေး မရှိလောက်ဟု ထင်ထားခဲ့ကြသည်။ ဒါက သူတို့အတွက်တော့ အကောင်းဆုံး ဆုလဒ်ပင်။

ဟော့ချောင် အောင်ပွဲခံသလို ပြောသည်။ "ငါတို့ နယ်စပ်နဲ့ ပိုနီးတဲ့ တပ်ရင်းကို သွားသင့်တာဆိုပေမယ့် မင်းတို့ကြည့်ရတာ အိမ်ကို အရမ်းလွမ်းနေတဲ့ပုံပေါ်လို့။ တစ်ခေါက်လောက် ပြန်သွားကြည့်ကြတာပေါ့။"

ချန်းကျင်းနှင့် ပိုင်ရှင်းယွီ ပြိုင်တူပြောလိုက်ကြသည်။ "ကျေးဇူးပါ၊ ဒုခေါင်းဆောင်!"

ဟော့ချောင် မျက်စိမှိတ်ပြပြီး ပြောလာသည်။ "ရင်ထဲ ထိသွားတယ်မလား။"

ချန်းကျင်း ပြုံးပြီး ပြန်ပြော၏။ "ရင်ထဲ ထိသွားပါပြီ။"

ဟော့ချောင်း သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။ "မင်းတို့ကောင်တွေ၊ ငါ့နောက်ကွယ်မှာ မကောင်းပြောမယ်ဆိုလည်း ငါ့မျက်နှာကို ပြေးမြင်ဖို့ သတိရဦး။"

လူတိုင်း ရယ်သွားကြသည်။

ချန်းကျင်း ပါးလည်း နီရဲလို့သွားလေသည်။ "ဒုခေါင်းဆောင်၊ ကျွန်တော် ခေါင်းဆောင် မကောင်းကြောင်း မပြောဖူးပါဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now