Special Chapter 10

Start from the beginning
                                    

ပိုင်ရှင်းယွီမှာ စိုးရိမ်တကြီးနှင့် အပြေးသွား၍ သူ့လက်ထဲရှိဓားကို လှမ်းယူဖို့လုပ်လိုက်ပေမယ့် သူလည်း ခြေချော်သွားပြီး သူ့ကိုယ်သူ ယွီဖုန်းချန်ကိုယ်ပေါ် ပစ်ဝင်မိသလိုဖြစ်ရင်း နှစ်ယောက်လုံး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။

ကြမ်းပြင်ထက်တွင် ငါးအကြေးခွံများနှင့် ရေညစ်တွေရှိနေတာမို့ သူတို့နှစ်ယောက်လုံးရဲ့အဝတ်အစားများမှာ စိုရွှဲနေတော့သည်။ ပိုင်ရှင်းယွီမှာ တုန်တုန်ယင်ယင်ဖြစ်ချင်နေသည့်လက်များနှင့် ဓားကို ဆုပ်ကိုင်ထားမိပြီး အချိန်အတော်ကြာအောင် မလှုပ်ရှားနိုင်ခဲ့။

သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် မှင်သေသေနှင့်ကြည့်နေမိကြသည်။

ထို့နောက် တစ်ဖက်သို့ခေါင်းလှည့်ကြည့်လိုက်ရာ လက်နှစ်ဖက်လုံးတွင် ပလတ်စတစ်အိတ်များ ဆွဲကိုင်ထားလျက် သူတို့နှစ်ယောက်အား အထိတ်တလန့်ဖြင့်ကြည့်နေသည့် ဖုန်းသုန့်ယွမ်ကိုမြင်လိုက်ရတော့သည်။

ပိုင်ရှင်းယွီ ခြောက်ကပ်ကပ်ရယ်သွားသည်။ "အာ .. ငါတို့ .. ကစားနေတာလေ ဟားဟား"

အဆုံးမှာတော့ သူတို့ ငါးစားလိုက်ရပြီး အခြားအရသာရှိသောဟင်း ၆ မျိုး၊ ၇ မျိုးလောက်လည်း စားလိုက်ရလေသည်။ သေချာသလောက် ထိုဟင်းပွဲများက ဖုန်းသုန့်ယွမ်ချက်ပေးခြင်းများသာ။ စားပြီးချိန်မှာလည်း ဖုန်းသု့န်ယွမ်ကပဲ မီးဖိုချောင်အပါအဝင် သူတို့တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပေးသွားလေသည်။

KittyKitling

T/N : Merry Christmas!!!

_____///_____

[Zawgyi]

'မီးဖိုချောင်ဖျက်ဆီးရေးသမား ပိုင်ရှင်းယွီ'

ဒီနေ့က ယွီဖုန်းချန်၏စာမေးပွဲများ ပြီးဆုံးသည့်နေ့ဖြစ်သည်။ သူ ပိတ်ရက်ရတော့မှာကို ဂုဏ်ပြုပေးရန်အတွက် ပိုင်ရှင်းယွီ သူကိုယ်တိုင် ဟင်းတစ်ခွက်နှစ်ခွက်မျှ ချက်ဖို့လုပ်လိုက်တော့သည်။ ရလဒ်အနေနှင့် ကြက်သားပြုတ်ထားရင်း ဂိမ်းသွားဆော့မိရာ ကြက်သားတင်မက အိုးပါ မဲတူးသွားလေသည်။ သူ့အနေနှင့် သက်သေခံပစ္စည်းများကို ဖျောက်ဖျက်ရန်လုပ်နေချိန်မှာပဲ ယွီဖုန်းချန်က ပြန်ရောက်လာခဲ့ပြီး သူ့ကိုရယ်ရင်း တစ်ဖက်ကလည်း အရမ်းပျော့ပြဲမနေသည့်ကြက်သားဖတ်နှစ်ဖတ်မျှ ရွေးယူ၍စားလိုက်တော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now