Part-3

52.2K 1.4K 25
                                    

Unicode

တိတ်ဆိတ်စွာပင် အသက်မဲ့စွာထိုင်နေသည့် ဘေဘီကြောင့် သူသက်ပြင်းသာအခါအခါချမိ၏။သတိပြန်လည်လာထဲက ဒူးကိုပိုက်လျက်ထိုင်နေတာ တစ်နာရီကြာသည့်တိုင် လှုပ်ရှားခြင်းအလျဉ်းမရှိ။ နေကောင်းတာမဟုတ်တာမို့ တစ်ခုခုထပ်ဖြစ်သွားမှာကို သူစိုးရိမ်လှသည်။

"ဘေဘီ ပင်ပန်းနေမှာပဲ။အိပ်ပြီးနားလေ"

"... ... "

"မောင့်ကိုစိတ်ဆိုးနေတာလား။ဟင် ...ဘာဖြစ်လဲ အဝတ်မဝတ်ပေးပဲထားလို့လား။မောင် အခုဝတ်ပေးထားတယ်လေ ဘေဘီရဲ့"

"... ... "

သူ့ကို လှည့်ပင်မကြည့်ပဲ ဥပေက္ခာပြုထားနိုင်လွန်းလှသည်။မလှုပ်မယှက် ရှိုက်ငိုနေသည်ကို ကြည့်ပြီး အသည်းယား၏။

"ဘေဘီ အငိုမရပ်ရင် မောင်ထပ်ပြီးနမ်းရလိမ့်မယ်"

"ဟင့် "

ရှိုက်သံလေးထွက်လာပြီး မျက်ရည်တို့ကို သုတ်ပစ်ကာ ချက်ချင်းပဲ အငိုရပ်သွားလေသည်။
ခေါင်းကိုဖွဖွပုတ်ပေးတော့ မော့ကြည့်လာသည့် မျက်လုံးတို့က နီရဲနေ၏။

ရန်ပြုလာမည့် သူကို ခုခံဖို့အချိန်မရွေးအသင့်ဖြစ်နေတဲ့ ခွေးပေါက်လေးသဖွယ် ချစ်စရာကောင်းလှပေစွ။

"မောင်က ဘေဘီထိခိုက်အောင်မလုပ်ပါဘူး ယုံတယ်မလား"

"ဟင့်အင်း နင့်ကြောင့်ငါ့ဘဝကြီးက ပျက်ဆီးသွားပြီ"

"တာဝန်ယူမယ်လို့ မောင်ပြောထားတယ်လေ"

"တာဝန်ယူမယ် ဟုတ်လား။
အဟွန်း ! နင်က ငါ့ကိုတာဝန်ယူမယ်ဆိုတော့ ငါ့ညီမကိုကရော။နင့်ကိုယုံကြည်ပြီး လက်ထပ်ဖို့ကိုမျှော်လင့်နေတဲ့ ငါ့ညီမကိုရော နင်ဘယ်လိုတာဝန်ယူမလဲ"

"မောင်တို့ကိစ္စက နွယ်နဲ့မဆိုင်ဘူးလေကွာ"

ခေါင်းမာလှတဲ့ ထိုလူ့ကြောင့် စိတ်တိုရလွန်းလို့ မျက်ရည်တို့က ထပ်ပြီးကျလာရပြန်သည်။

ဘာကိုမှဂရုမစိုက်သလိုမျက်နှာထားနဲ့ ဘုရင်ဟာ ကုတ်ဆွဲပစ်ချင်စရာကောင်းအောင် မျက်နှာပြောင်တိုက်လွန်း၏။သူဘာလုပ်ဖို့ကြံနေသလည်းဆိုတာ ကျေး မသိတော့ပေ။

Daniel KingUnde poveștirile trăiesc. Descoperă acum