Final Part

42.1K 865 119
                                    

Unicode

မြေအောက်ခန်းဖြစ်တာမို့ အလင်းရောင်မရှိပဲ အေးစိမ့်စိမ့်ခံစားမှုကသာ အခန်းကျယ်ထဲ စိုးမိုးနေသည်။မနေ့ကမနက်ပိုင်း သူ့ကိုဖမ်းလာပြီးထဲက ဒီအခန်းထဲမှာပဲ ချုပ်ထားခဲ့ပြီး စစ်မေးတာမျိုးမရှိသေးပါ။

အေးလေ။ပြစ်မှုတွေက စစ်မေးဖို့လိုအပ်တဲ့
အနေအထား တွေမှမဟုတ်တော့တာပဲ။

သူ့လက်တွေမှာခတ်ထားတဲ့လက်ထိပ်ကိုကြည့်ရင်း ခပ်ရွတ်ရွတ်တွေးလိုက်မိတဲ့အတွေးတွေပင်။ အခုချိန်မှာ သူ့ကိုယ်သူထပ် ဘေဘီ့ကိုပဲ စိုးရိမ်မိတယ်။သူ့ရဲ့ကလေးဟာ ငိုရှိုက်ရင်း သတိများလစ်သွားလေသလား။ဒီကိစ္စကို လုံးဝမှ မသိထားတဲ့လူမို့ ထိတ်လန့်လွန်ပြီး တစ်ခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်မိသေးသည်။

"ဂျောက် ! "

ထိုစဉ်သူ့ရဲ့အာရုံတွေကို ဖျက်ဆီးလိုက်တဲ့ သံတံခါးဖွင့်သံနဲ့အတူ ခြေသံကြမ်းကြမ်းတစ်ခုက သူ့ဆီကို ဦးတည်လာနေ၏။ အချိန်ကောင်းမှာ ရောက်လာခဲ့တာပဲ...

"မင်းလောက် ယုတ်မာတဲ့လူ ဒီကမ္ဘာမှာမရှိတော့ဘူး Daniel King။ မင်းဆိုတဲ့အကောင်က သိပ်ပြီးအောက်တန်းကျလွန်းတယ်"

" အခုလိုကြားရတာဝမ်းသာပါတယ်"

"မင်းဘယ်အထိဆက်ပြီးယုတ်မာမယ်လို့ တွေးထားသလဲ ဟမ်"

"မင်းက ငါ့ကိုလူယုတ်မာလို့သတ်မှတ်သလား။ အဟွန်း ! လူကောင်းမဟုတ်ပေမဲ့ လူယုတ်မာလို့ ပြောခံရတာတော့ တကယ်မကြိုက်ဘူး"

"အေးလေ ခေါင်းမာထားအုံးပေါ့။မင်းက မကြာခင် သေရတော့မဲ့လူပဲ... မင်းလုပ်ခဲ့တဲ့အမှုတွေကြောင့် မင်းသေရတော့မယ်လေ။အဟား ဘိန်းဘုရင်တဲ့ အခုငါတို့လက်ထဲမှာ သေရတော့မှာပဲ...မင်းကို ဘယ်သူကလာကယ်မလဲ ငါကြည့်မယ်"

"ဟား ဟား ... ဟား "

သူ့ထပ်ပို၍ ကျယ်လောင်စွာအော်ရယ်လိုက်တဲ့ Daniel King ကြောင့် အမှုစစ် Rainက အူကြောင်ကြောင်ဖြစ်သွားသည်။

"မင်းဘာရယ်နေတာလဲ"

"ခင်ဗျားတို့တုံးလွန်းတာကို။လူသတ်မှု100တဲ့လား။အဲ့တာမမှန်ဘူးနော် ... ကျုပ်သတ်ခဲ့တဲ့လူအရေအတွက်က ကျုပ်ကိုယ်တိုင်တောင် အတိအကျမမှတ်နိုင်တာ ခင်ဗျားတို့က အရေအတွက်100ပါလို့ တထစ်ချကြီးပါလား"

Daniel KingWhere stories live. Discover now