Part-27

20.6K 661 101
                                    

Unicode

"ဘုရင်"

"yes ဘေဘီ။မောင်ရှိတယ်"

စာဖတ်နေပေမဲ့ ခေါ်လိုက်သည့်အခါ ပြန်ထူးသည်မှာနောက်မကျခဲ့ပါ။ကျေးရဲ့ ကုတင်ဘေးမှာ ထိုင်ခုံတစ်ခုချကာ စာဖတ်နေရင်းမှ ကုတင်ဆီထလာခဲ့၏။

"မောင့်ဘေဘီ ဘာဖြစ်လဲ "

"ဘုရင် ငါနင့်ကိုတောင်းဆိုချင်တာရှိတယ်"

"yes babe ။ ပြော မောင်နားထောင်နေတယ်"

"ငါတို့အရင်ကအတူတူနေခဲ့တဲ့အဆောင်ကို သွားချင်တယ်။ပြီးတော့ ပင်လယ်ဘက်ကိုလည်း သွားချင်တယ် ... နင်လိုက်ပို့ပေးပါလား"

သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကို မေ့ထားခဲ့တဲ့ ဘေဘီက အဆောင်ကိုပြန်သွားချင်တယ် ဆိုလာတော့ စိတ်လှုပ်ရှားလွန်းလို့ ဘေဘီ့လက်တွေကိုဆုပ်ကိုင်မိလျက်။

"မောင့်ဘေဘီ ။ မောင့်ပါးကိုတစ်ချက်လောက်ရိုက်ပေး"

"အိပ်မက်မဟုတ်ပါဘူး။ငါတကယ်ပြောနေတာ"

"ဘေဘီ ထွက်တော့မပြေးဘူးမလား"

"အင်း"

"အေးပါ။ထွက်ပြေးလို့လည်းမရပါဘူး ။"

"ထွက်ပြေးရင်ရော"

"ဘေဘီကို မောင်မချစ်တော့အောင်ကြိုးစားမှာ"

နှုတ်ခမ်းတွေကပြုံးကာပြောလာသည်ကို ကျေးအဖို့ ငေးစိုက်ကြည့်နေယုံသာ။

နင်ကငါလှမ်းလို့မမှီနိုင်တဲ့ကြယ်တစ်ပွင့်ပါဘုရင်ရယ်။အရင်ကရော အခုရော...နင်နဲ့ငါက ဖြစ်မှမဖြစ်နိုင်ခဲ့တာ။

"မောင့်ဘေဘီ ဘာတွေးနေလဲ"

"ဟင့်အင်း  နင်ငါ့ကိုလိုက်ပို့ပေးပါ့မလားလို့ပါ"

"မောင်လိုက်ပို့မမေးနိုင်ဘူး"

"အင်း"

ခဏလေးမျက်နှာညိုးသွားပေမဲ့ ဘေဘီက မငိုခဲ့ပါ။

"မောင့်ဘေဘီ မငိုဘူးလား"

"ငါကဘာဖြစ်လို့ငိုရမှာလဲ"

"ငိုပါတယ်။ဘေဘီဖြစ်ချင်တာကို မောင်မလိုက်လျောတိုင်း ဟင့် ဟင့် ဘုရင် ဟင့် ဆိုပြီးငိုတာလေ။ငိုတုန်းကငိုပြီး မေ့ချင်ယောင်ဆောင်နေတယ်"

Daniel KingWhere stories live. Discover now