Part-20

28.4K 795 107
                                    

Unicode

နယ်မြေ ၃ထဲ ကားဝင်လာသည်နှင့် ဆီးကြိုနေသည်က ပိတ်ထားသည့်သံတံခါးကြီးပါ။
စနိုက်ပါကိုင်ဆောင်ထားလျက် မတ်တပ်ရပ်နေသည့် သေနတ်သမားတို့ဟာ သူတို့အရှေ့ထိုးရပ်လာသည့် ကြက်သွေးရောင်ကားကြီးကို ရှုတည်တည်ကြည့်ကာ မှင်သေသေမျက်နှာထားတို့နှင့်။

"ကင်းကောင်"

"လီးလား"

"ဒီနယ်မြေကလူတွေ မင်းကိုရိုသေကျတာပဲ"

မထိတထိစလာသည့် ပယ်ပင်းကြောင့် ဒေါသအရှိန်က ပို၍မြင့်တတ်လာသည်။

ထိုစဉ် ကားပြတင်းပေါက်ကနေ ခေါင်းဝင်ကာ မေးလာသည့် အစောင့်တစ်ယောက်ကြောင့် တံခါးဖွင့်ဆင်းလိုက်သည်။

"ဘယ်ကိုသွားမှာလဲ"

"မင်းအမေဆီ"

"မင်းကဘယ်သူမို့လို့လဲ"

"မင်းရဲ့ပထွေး"

"တောက် ခွေးကောင် မင်းသေချင်နေပြီ အား ..."

မြန်ဆန်လွန်းသည့်ပယ်ပင်းသည်ကား သူပစ္စတိုကို လက်ရွယ်နေတုန်းမှာပင် အနှီလူသား၏ လည်ပင်းကိုဓားဖြင့်ရစ်သိုင်းပြီးလေပြီ။

"အား ... မင်း ... မင်း"

"နောက်ဘဝထိမှတ်သွား။မင်းမှာ Daniel Kingကို ဆဲရမယ့်စောက်ဆင့်ပါမလာဘူး"

"ဟေ့ ... မင်းတို့ဘယ်သူတွေလဲ"

လူသတ်လိုက်သည်မို့ စုရုံးကာရောက်လာတဲ့ လူအုပ်ကြီးကို ခေါင်းငဲ့ကာကြည့်နေသည်။ မကြာခင်ကာလမှာ 'မရဏပြည်မှကြိုဆိုပါ၏' ဆိုင်းဘုတ်နဲ့နှုတ်ဆက်ရမည့်လူတွေ သူ့ဆီ တစ်စုတစ်စည်းထဲရောက်လာသည်ကို ကျေနပ်နေသည့်အလား ဘုရင့်နှုတ်ခမ်းတွေက ပြုံးနေ၏။

"ငါတို့နယ်မြေလာပြီး ငါတို့လူကိုသတ်တယ်"

"အဲ့ဒီတော့..."

"ထိုက်တဲ့ပြစ်ဒဏ် မင်းခံယူရမှာပေါ့"

"ဘယ်လို"

"အပြစ်လုပ်ထားတဲ့လူက ထိုက်တန်တဲ့အပြစ်ဒဏ် ခံယူရဲရတယ်"

"ဟုတ်တာပေါ့...ဟုတ်တာပေါ့"

သူ့နားထင်ကို သေနတ်ဖြင့်ထောက်ထားတဲ့လူကို Daniel Kingက ဘာမထီမျက်နှာပေးဖြင့် ကြည့်လိုက်၏။အနှီလူက တွန့်ခနဲဖြစ်သွားပြီးမှ...

Daniel KingWhere stories live. Discover now