Part-69

12.2K 455 36
                                    

Unicode

"မောင်"

"yes babe။မောင်ရှိတယ်"

"အဲ့ဒီကိုနောက်ထပ်သွားဖို့ရှိရင် ငါလည်းလိုက်မယ်နော်"

မျက်လုံးလေးတွေအရောင်လဲ့ကာ တောင်းဆိုနေတဲ့ ဘေဘီ့စကားကြောင့် သူလည်နင်သွားရသည်။ ဒီကျွန်းကိုလာတာဟာ ရှုခင်းလာကြည့်တာ မဟုတ်ပဲ မှောင်ခိုကူးဖို့လာတာကို အဲ့ဒီကလေးက ဘယ်လိုအတွေးပေါက်သွားသနည်း။

"မောင်...နော်လို့"

"အေးပါ ။ ဘေဘီလိုချင်တာ ဖြစ်ရစေမယ်"

"အဲ့တာဆို ဘိုင့် ဘိုင့်"

"နေပါအုံးဘေဘီရဲ့။အခုက နေလို့ထိုင်လို့ ကောင်းရဲ့လား...ခွဲစိတ်ထားရတာဆိုတော့ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ရဘူးနော်။ အစာမာတာလည်း စားလို့မရဘူး"

"ဟုတ်"

"ဒီညအတွင်းတော့ မောင်ရအောင်ပြန်လာပါ့မယ်။ မောင့်ကလေးကို စိတ်မချဘူး"

"အလုပ်လုပ်ဖို့သွားတာ...အေးဆေးမှပြန်လာလို့ ရပါတယ်မောင်ကလည်း"

"မရဘူး ညအိပ်ချိန်အမှီပြန်လာမှာ...ဘေဘီ သရဲကြောက်မှာဆိုးလို့"

"သရဲထပ် လူကိုပိုကြောက်တာ"

"ဘယ်လို !! ဘေဘီထပ်ပြောစမ်း "

"ဘာမှမဟုတ်ပါဘူး"

သူမကြားလိုက်ဘူးထင်သွားတဲ့ဘေဘီက လက်ကလေးအုပ်ကာ ရယ်နေလေသည်။
အေးပါ...လူကိုပိုကြောက်ချင်တယ်ဆိုတော့လည်း ကြောက်ရပါစေမယ်။

ထိုစဉ်မှာပဲ သားရဲ့မျက်နှာက screenမှာ ပေါ်လာသည်မို့...

"အကောင်ပေါက်လေး...ပါပါးကျွန်းမှာ
ရောက်နေတယ်"

"ဟုတ် လော့ယန်ပြောတယ်"

"ဒီမှာ...မင်းနဲ့ မင်းမာမားကို ပလစ်ပြီး ကောင်မလေးတွေနဲ့ ဒွန့်နေတာ"

"ပါပါးကတော့ အာချောင်ပြန်ပြီ"

"ဟား ... ဟား စတာပါကွာ။
ဒီမှာရှုခင်းတွေရှယ်လှတာ မင်းမြင်ရင်လည်းကြိုက်မှာ အသေအချာပဲ"

"ရှုခင်းတွေက မာမားလောက်လှလား"

"မင်းမာမားထပ်ပိုပြီးလှတာ ဒီကမ္ဘာမှာမရှိပေမဲ့ ဒီရှုခင်းတွေက သူ့အပြုံးတွေပိုပြီးလှအောင် ကူညီပေးနိုင်တယ်လေ။သိပ်တော့မဆိုးပါဘူး မင်းမာမားသဘောကျရင် ပါပါးလည်း
သဘောကျပါတယ်။မင်းမာမားကလှတယ်ထင်ရင်တော့လှတာပါပဲ"

Daniel KingHikayelerin yaşadığı yer. Şimdi keşfedin