Part-28

20.2K 693 121
                                    

Unicode

တိုက်ခတ်လာတဲ့လေထုကအေးစက်နေပေမဲ့ တစ်ညလုံးဖက်ပြီးအိပ်လာတဲ့ ဘေဘီ့ကိုယ်က အနွေးဓာတ်ကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့၏။သို့ပေမဲ့ အခုတော့ သူ့ရင်ခွင်ထဲက အနွေးဓာတ်ပေးမဲ့ တစ်စုံတစ်ယောက်မရှိတော့သည်ပဲလား အရိုးထဲစိမ့်နေအောင်အထိ ချမ်းအေးလွန်းလှပါသည်။

"ဘေဘီ ... ချမ်းရင် မောင့်ကိုဖက်ထားနော်"

မအိပ်ခင်ကတော့ ကားထဲထည့်ထားတဲ့ စောင်အပါးကိုခြုံပေးထားပေမယ့် အအိပ်ကြမ်းတဲ့ ဘေဘီ့ကိုစောင်လွတ်သွားပြီး ချမ်းနေမည်ကိုဆိုး၍ သူပြောလိုက်ခြင်းပင်။ဒါပေမယ့် ဘေဘီ့ဆီက ဖြေသံမကြားတာမို့ မျက်လုံးဖွင့်ကြည့်၏။

" ဘေဘီ ။ ဘေဘီဘယ်သွားနေတာလဲ ။ မင်းဘယ်မှာလဲဘေဘီ"

သူ့ရဲ့ ရန်သူတွေကများ ဘေဘီ့ကိုဒုက္ခပေးနေပြီ လားဆိုတဲ့အတွေးကြောင့် ခေါင်းနပန်းကြီးသွားကာ အပြင်ကိုထွက်လိုက်၏။

ပင်လယ်ကိုဖြတ်တိုက်လာတဲ့ လေထုကအေးစက်နေပေမဲ့ သူ့ရင်တွေကတော့ ပူလောင်နေသည်။

"ဘေဘီ ... ဘယ်မှာလဲကလေးရယ် မောင့်ကိုစိတ်ပူအောင်မလုပ်စမ်းနဲ့"

ကမ်းခြေတစ်လျှောက်သွားရင်း သူအော်ဟစ်နေသော်ညား ဒီကမ်းခြေဟာ လူသူကင်းမဲ့နေပြီး သူ့ကိုအဖော်ပြုနေတဲ့ အေးစက်စက်လေထုနဲ့ သူသာရှိနေပါသည်။

ဒီကလေး ဘယ်တွေသွားလိုက်တာလဲ ။ တစ်ခုခုသာအန္တရာယ်ဖြစ်ခဲ့ရင် ဘေဘီက သူ့ကိုယ်သူကာကွယ်နိုင်တဲ့ကလေးမဟုတ်သလို သူတစ်ပါးကိုလည်း နာကျင်အောင်တုန့်ပြန်တတ်တာ လည်းမဟုတ်ပါ။

" ဘေဘီရေ ... ဘယ်တွေသွားနေတာလဲ ။ မောင့်ဆီပြန်လာပါကွယ် ။ မောင်စိတ်ပူလို့ပါ"

ဘေဘီဘယ်ကိုထွက်သွားလိုက်တာလဲ မသိရအောင်ထိ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တာ ဘေဘီသူ့ကိုချစ်တယ်ဆိုတဲ့ အတွေးကြောင့်ဖြစ်မည်။

ဘေဘီသူ့အနားကထွက်သွားတာလား။
မဟုတ်နိုင်ပါဘူး ရန်သူတစ်ယောက်ယောက်က ဖမ်းသွားတာနေမှာပါ။

သို့တိုင် ကားတံခါးကို သူပိတ်ခဲ့တယ်ဆိုတဲ့ အချက်ကို ဦးနှောက်ကသတိပေးနေပြန်သည်။

Daniel KingWhere stories live. Discover now