Part-74

11.2K 414 52
                                    

Unicode

အပျော်စီးသင်္ဘော၏ အနောက်ဘက်နားမှာ ထိုင်နေတဲ့ဘေဘီက ပင်လယ်ရဲ့လေထုအေးစိမ့် နေတာကို မချမ်းဘူးလား။စပြီးထွက်လာထဲက အဲ့ဒီမှာပဲ သွားထိုင်နေလို့ သူကြည့်နေခဲ့တာ... သူတောင် လက်ဖျားတွေအေးပြီး တြာလေးဆို ပယ်ပင်းဂျာကင်ထဲဝင်ခွေနေပြီ...ဒါတောင် အဲ့ကလေးက ပေတေပြီးထိုင်နေတုန်းပဲ။

"ဘေဘီ"

"ဟင်"

"မချမ်းဘူးလားကလေး။ချမ်းရင်..."

"မချမ်းပါဘူး"

"သြော် ... အေးပါ"

ချမ်းရင် ရင်ခွင်ထဲမှီပြီးလာထိုင်လို့ရတယ်လို့တောင် အပြောမခံတဲ့ဘေဘီပါလား။ မှင်သေသေလေးနဲ့ ထိုင်နေတာမို့ သူ့ကိုများစိတ်ဆိုးသလား သံသယဝင်လာသည်။

"ဘေဘီ"

"အင်း"

"မောင် ဘာအပြစ်များလုပ်မိသေးလဲ"

"ဟင့်အင်း"

"ဒါဆို ဘေဘီဘာဖြစ်လို့ငြိမ်နေတာလဲ"

"အင်း"

" ဟာ ... ဘေဘီအဲ့လိုကြီးငြိမ်မနေပါနဲ့။ဘေဘီ
မကြိုက်တာ မောင်ဘာအပြစ်လုပ်မိထားလဲ။ ဟိုမနက်က ဘေဘီ့ဖိနပ်ကိုဖွက်ထားလို့ စိတ်ဆိုးနေတာလား"

ဘေဘီက သူ့ကိုပြုံး၍ကြည့်ကာ ငြိမ်နေပြန်သည်။ ဒီလိုကြီးက တစ်မျိုးပဲ...ဘေဘီငြိမ်နေတာ သူ့အတွက်ထူးဆန်းတယ်။ဘေဘီ့ပုံစံအမှန်က ငိုရင်ငို ၊ ဒါမှမဟုတ်လည်း သူ့ကိုအလိုမကျဖြစ်ရမှာ။

နေပါအုံး...ဒီကိုမလာခင် သူဘာတွေများ ပရမ်းပတာလုပ်မိသေးလဲ။စဉ်းစားစမ်း။
စဉ်းစားထားစမ်း Daniel King။

"အာ ... သိပြီ။မနက်က ဘေဘီ့ပါစတာကို လုစားလို့ စိတ်ဆိုးနေတာလား"

ရှိသမျှမှတ်ဉာဏ်တွေအကုန်ဆွဲထုတ်သော်လည်း ဘေဘီငြိမ်နေရတဲ့အကြောင်းအရင်းကို ရှာမတွေ့ပေ။

သူမနေနိုင်တော့ပါ...ဘေဘီ့ခါးလေးကိုဖက်ပြီး ပခုံးပေါ်မေးတင်လိုက်သည်။သူမ လည်တိုင်ကျော့ကျော့လေးကိုနမ်းပြီးကာမှ...

"ဘေဘီက ဘာလို့ငြိမ်နေတာလဲ"

"ငါစဉ်းစားနေတာ"

Daniel KingWhere stories live. Discover now