University life(Special Extra-7)

4.1K 254 63
                                    

Unicode

"မအယ်မီ"

"ဟမ် ... ဘာ မအယ်မီလဲ"

"မမ က အဲလိုခေါ်ရမယ်ဆိုလို့ခေါ်တာ။ ခင်ဗျားကအိုနေပြီဆိုလို့"

"ဘာပြောတယ်"

"ထားပါ ...လိုရင်းကိုပဲပြောမယ်။ကျောင်းမှာ မမနဲ့ကျွန်တော့်ကိုဘာတွေချွန်နေလဲတော့မသိဘူး။ဒါပေမဲ့ မအယ်မီသတိထား...နောက်တစ်ခါ မမကိုပေါက်ကရတွေပြောပြီး၊ ပေါက်ကရတွေလုပ်ခိုင်းရင် သတ်ပစ်မယ်"

"ငါ့ကိုခြိမ်းလားခြောက်လားနဲ့။အေး နင့်မမ ချစ်သူရသွားမှ နင်ငိုမနေနဲ့မြေခွေးလိုဟာလေး"

"စိတ်မကောင်းပါဘူး။မမ က ကျွန်တော့်ကိုပဲချစ်မှာ...ဒါပဲနော် သတိပေးထားပြီ။ကျွန်တော်အကုန်မကြားလိုက်လို့ ကြားရင် မအယ်မီတော့"

"အမယ် နင်ကငါ့ကိုဘာလုပ်ချင်လို့လဲ"

"ကျားစာကျွေးပစ်မယ်"

"အမလေး ကြောက်လိုက်တာ...နင်လည်းနော် နင့်မမရှေ့တစ်မျိုး၊ငါတို့ရှေ့တစ်မျိုး ဟန်ဆောင်ရတာပင်ပန်းနေမှာပဲ"

"မနာလိုတဲ့လူတွေကတော့ ဖြူစင်တာကို အသိမှတ်မပြုဘူး...ဖြစ်တတ်ပါတယ်"

တီ ...

ဖုန်းချသွားတဲ့ မအယ်မီကြောင့် Daniel Kingကအောင်နိုင်သူကြီးလို ခေါင်းကိုခပ်မော့မော့ထားပစ်လိုက်သည်။ နားစွန်နားဖျား ကြားလိုက်ရတဲ့စကားကြောင့် သူ့ရဲ့မမကို စိတ်မကွက်စေချင်ပါ...အထူးသဖြင့် ကြားလူကြောင့် မမသူ့ကိုအထင်မှားတာမျိုးကို ပိုပြီးတောင်မဖြစ်စေချင်။

မှန်နံရံကနေတဆင့် ဆိုင်ထဲမှာထိုင်နေတဲ့ မမကိုကြည့်တော့ သူမကပြုံးပြနေတယ်။ ရိုးရှင်းတဲ့အတွေးတွေနဲ့အမျိုးသမီးလေးက ကိုယ့်ရဲ့ သရုပ်မှန်ကိုသိတဲ့အခါ ရှောင်ပြေးလောက်မယ်လို့ အတွေးဝင်ခဲ့ပေမဲ့...လက်တွေ့မှာ မမ ကိုယ့်အပေါ်ရှိနေတဲ့သံယောဇဥ်က အဲဒီလောက်နဲ့ ပျက်ဆီးမသွားဘူးလို့လည်း ထင်နေပြန်တယ်။ဘယ်ကရတဲ့ ယုံကြည်ချက်တွေမှန်းမသိပေမဲ့ ထိုယုံကြည်ချက်ကြောင့်ပဲ အနည်းငယ်စိတ်အေးရသည်။

မြင်မြင်ချင်းအချစ်...အနီးကပ်နေရလေ သူမကိုပိုချစ်လေဖြင့် တကယ်တမ်းနွံတစ်ခုထဲကနေ ရုန်းမထွက်နိုင်ဖြစ်နေတာ သူလား၊မမလား ဝေခွဲမရပါ။

Daniel KingWhere stories live. Discover now