Part-1

150K 2.6K 137
                                    

Unicode

"The King"အမည်ရသည့် စံအိမ်ကြီးရှေ့ အဖြူရောင်အရိပ်ကလေးတစ်ခု။ခမ်းနားလှသည့် ထိုအိမ်ကြီးထဲ ဝင်သင့်မဝင်သင့် စဉ်းစားနေသည်။ညီမဖြစ်သူပြောသည့် လိပ်စာအရဆို 'ကျေး' ရောက်နေသည့်နေရာက ထိုလူ့နေရာ အစစ်အမှန်ပင်။သို့ပေတည်း ကျေး သိတဲ့ထိုလူက ဒီလောက်ချမ်းသာတာမှ မဟုတ်တာ။

"အိမ်ထဲမှာ သခင်ကြီးစောင့်နေပါတယ်"

ဘေးနားကပ်လျက်က ကြားလိုက်ရသည့်
ထိုအသံကြောင့် လိပ်ပြာလွင့်စင်မတတ်။ အခဲမကျေစွာ မျက်စောင်းတစ်ချက်ရွယ်၍...

"ရှင်က ဘယ်သူလဲ"

"အိမ်ထဲမှာ သခင်ကြီးစောင့်နေပါတယ်"

မျက်နှာထားတစ်ခုလုံးတင်းမာနေတဲ့ ထိုလူကြောင့် လက်ထဲကလိပ်စာကဒ်ကို ကျစ်နေသည်အထိ ဆုပ်ကိုင်ထားလိုက်သည်။

သခင်ကြီးတဲ့...

ကျေး တွေ့ချင်တဲ့လူက သခင်ကြီး လို့
ခေါ်ရလောက်တဲ့အထိမှ အသက်မကြီးသေးတာ။

"ဟို ... ရှင်လူမှားနေပြီထင်တယ်။ ကျွန်မကလေ သခင်ကြီးကိုတွေ့ချင်တာမဟုတ်ဘူး Daniel Kingဆိုတဲ့ လူကိုတွေ့ချင်တာ"

"ဟုတ်ပါတယ်။သူစောင့်နေတယ်"

"သူက သခင်ကြီး !! ဟုတ်လို့လား"

မယုံနိုင်စွာဖြင့် ကျေး ကထပ်မေးသည်။
ထို့လူမျက်နှာကြီးက ခုနကထပ် ပိုပြီးတင်းမာသွားလေ၏။

ရေခြားမြေခြားမှာ တစ်ခုခုဆိုလျှင် အကူအညီ မရှိသည်မို့ အမြဲတမ်းသတိကပ်နေမိတာ မြကျေးတမာနွယ် ရဲ့အကျင့်ဖြစ်သည်။ ညီမလေးပြောလိုက်သည့် လိပ်စာကမှန်ပေမဲ့ တွေ့ရာကြုံရာလူနဲ့တော့ မလိုက်ရဲတာအမှန်ပါ။

"ဘုရင် ဆိုတဲ့သခင်ကြီးက စောင့်ရတာ စိတ်မရှည်တာမို့ အစ်မလေး မြန်မြန်စဉ်းစားစေချင်ပါတယ်"

မယုံကြည်မှုကိုသိနေသည့်အလား ဘုရင်ဆိုသည့်နာမ်စားကို ထုတ်ပြောလာလေသည်။

"လိုက်မှာပါ။သူနဲ့တွေ့ဖို့လာတာပဲ"

ကျေးရဲ့ မျက်နှာရှုံ့မဲ့ကာ ထိုလူနောက် အပြေးလိုက်ရလေသည်။တကယ်ဆို ကျေးက ကြောက်မနေသင့်ဘူး။ဒီကောင်လေးက ကြောက်တတ်မှန်းသိလို့ တမင်အကျပ်ကိုင်နေတာ။

Daniel KingWhere stories live. Discover now