Part-65

14K 503 81
                                    

Unicode

"ပါပါးက ထူးထူးဆန်းဆန်း သားကိုလာကြိုတာ။ သားဆီက ဘာရချင်လို့လဲ"

"ဟား ... အံ့သြပါ့ကွာ။မင်းဆီက ဘာရချင်ရမှာလဲ"

"ခံ့ညားမှုတွေ"

"လခွမ်း။ချောမောခံ့ညားမှုတွေက မင်းတောင် ငါ့ဆီက အမွေရထားတာလေ။ပြောတတ်
တယ်နော်"

သားရဲ့ဆံပင်တွေကိုထိုးဖွလိုက်၏။ဒါလေးက ဖအေကို အပြိုင်လိုက်ယုံမကပဲ ကျော်တတ်ချင်နေတာ။

"အဲ့တာဆို ပါပါးအလုပ်ရှိလို့လား"

"မင်းမာမားအတွက် ပန်းဝယ်ပေးမလို့။ အဝတ်အစားလည်းရွေးရင်း"

"သားလည်းရွေးကူမယ်"

"အေးပါ ။ မင်းကနေရာတကာကို ပါချင်တယ်"

"သားက မာမားကိုအလှဆုံးရွေးပေးမှာ"

"ယုံလိုက်ပါ့မယ်"

သားကိုပြောရင်း ကားကို မြောက်ဘက်ဆီ ပြန်ကွေ့လိုက်၏။ ပန်းဆိုင်ကိုတော့ မြောက်ဘက်ရှိ Pie မှာ ဝယ်ပေးဖို့စဉ်းစားထားပြီး အဝတ်အစားရွေးဖို့တော့ ယခုတောင်ဘက်ကို ပြန်လာကာ ရွေးပေးမည်။

"ဒီနေ့ မင်းဦးထွဋ်ရဲ့ဂိုထောင်ဖျက်ဆီးခံရတယ်။ အစောင့်တွေလည်း သတ်ခံရတယ်လေ"

"ပါပါး ဘယ်လိုထင်လို့လဲ"

"ပါပါးကတော့ အဲ့လိုလုပ်နိုင်တာ အာဏာပိုင်ထဲက လို့ပဲထင်တယ်"

"နေးလေးရဲ့ဒယ်ဒီလား"

သားရဲ့အတွေးကလည်း သူ့အတွေးနဲ့ ထပ်တူကျသည်မို့ သားကိုမျက်စိမှိတ်ပြလိုက်သည်။ အာဏာပိုင် အဖွဲ့အစည်းတွေများစွာထဲကမှ Joeလို့ထင်နေတာ ဘယ်ဘဝရေစက်ဆိုးကြောင့် ပါလဲ။

"ဆိုတော့ ပါပါးက သတ်မလို့လား"

"သား ဘယ်လိုသဘောရလဲ"

"နေးလေးက သူ့ဒယ်ဒီကိုသိပ်ချစ်ရှာတာ။ သူ့ဒယ်ဒီမရှိတော့ရင် သားတုန်းကလိုပဲ ကစားလည်းမကစားတော့ပဲ ငိုနေမယ်ထင်တယ်"

ထင်ထားပြီးသားအဖြေကြောင့် ဘုရင်နှုတ်ခမ်းတွေတွန့်ကွေးကာ သွားတတ်လေးတွေပေါ်လာသည်အထိ ပြုံးသည်။

Daniel KingWhere stories live. Discover now