Part-53

21.2K 598 235
                                    

Unicode

ဂိုထောင်ပျက်ကြီးတစ်လုံးသာရှိသည့်နေရာမှာ လူနေသည့်အရိပ်အယောင် မမြင်ရသည်မို့ နေရာမှားပြီးလားထင်မှတ်မိသည်။ ရေတံခွန် မြောက်ဘက်က တံတားပျက်ကြီးနဲ့ ဂိုထောင်ဟောင်းသာ ရှိနေသည့်နေရာမှာမှ ကျေးကိုလိုက်ရှာဖို့က ထိုဂိုထောင်ဟောင်း ဘက်သို့သာ။

"ထွဋ်"

"မင်း ဇွတ်မသွားနဲ့ ။ အခြေအနေက မင်းလည်းမသိဘူး ငါလည်းမသိဘူး"

ဂိုထောင်ပျက်အရှေ့ဘက်ကနေဝင်ဖို့ပြင်နေသည့် ပယ်ပင်းကိုဆွဲထားရင်း အနောက်ကလူတွေကို အချက်ပေးလိုက်သည်။

"အရှေ့ကဝင်လို့မဖြစ်ဘူး ။ အနောက်ကဝင်မယ်"

"Ok ဘန်ဂျက် မင်းနဲ့မင်းအဖွဲ့က အနောက်မှာနေရာယူထား ။ ထွဋ်က ငါ့နောက်မှာပဲနေ အခြေအနေက ဘယ်နေရာ ဘာရှိမယ်မှန်းသိနိုင်တာမဟုတ်ဘူး"

"ကောင်းပြီ ။ မင်းအရှေ့ကသွား"

"ငါ့ခါးကိုဖက်ထားနော်"

"ဘယ်လို"

"ငါ့ခါးကအင်္ကျီစကိုဖက်ထားလို့ပြောတာ"

သေနတ်ကိုထုတ်ကာ ပယ်ပင်းရဲ့ပခုံးကိုတိုက်၍ ဇွတ်ဝင်လိုက်၏။အပြင်ပန်းကကြည့်ရင်သာ ဂိုထောင်ပျက်တစ်လုံးဟု ထင်ရပေမဲ့ အတွင်းပိုင်းမှာတော့ လောင်စာစည်တွေ အမြောက်အမြားရှိနေသည်။

"ထွဋ် ဒါတွေက ဒီမှာ ဘယ်လိုဖြစ်ပြီးရှိနေတာလဲ"

"မင်းဘယ်လိုထင်လဲ"

"လောင်စာဆီက ငါတို့လိုဂိုဏ်းတွေအတွက် အသုံးဝင်တဲ့ပစ္စည်းမဟုတ်ဘူး"

"ဂိုဏ်းဆို လက်နက်၊တပ်ဆို လောင်စာ"

"ဒီနေရာက အာဏာပိုင်တစ်ယောက်ယောက်ရဲ့ လျှို့ဝှက်နေရာပဲ "

ထွဋ်ရဲ့အတွေးထဲရောက်လာသူက Joeပင် ။ kingတို့ တကယ်ပဲဒုက္ခရောက်နေပြီဆို Joeရဲ့ လက်ထဲမှာပဲ ဖြစ်ဖို့များသည်။

Daniel Kingဆိုတာ တောင်ဘက်နယ်မြေ တစ်ခုလုံးရဲ့ နတ်ဆိုး။ထိုသို့သောသူကိုသာ ဖမ်းဆီးနိုင်ရင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲမှာ နေရာတစ်ခု အခိုင်အမာ ရနိုင်သည်။ပြီးတော့ ယခုလက်ရှိ လောင်စာဆီဈေးတွေက မိုးထိအောင် ထိုးတတ်နေသည့်ကာလ။Kingလိုလူကတောင် ကားဆီမဖြည့်ပဲ ပယ်ပင်းရဲ့ကားကိုစီးလိုက် ဆိုင်ကယ်စီးလိုက်ဖြစ်နေအောင် လောင်စာဆီဈေးက အရှိန်အဟုန်ပြင်းပြင်း ထိုးတက်နေသည်။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှားပါးနေ၍ ဒုက္ခရောက်နေကျတဲ့ စက်ရုံကြီးတွေ ၊လုပ်ငန်းကြီးတွေကိုသာ လောင်စာဆီတွေ ရအောင်လုပ်ပေးနိုင်ရင် ရွေးကောက်ပွဲမှာ အလားအလာအများကြီးရှိနေသည်။

Daniel KingWhere stories live. Discover now