Part-72

11.6K 420 28
                                    

Unicode

စစ်တုရင်ခုံပေါ်ရွေ့လျားနေတဲ့ လက်ချောင်း
သွယ်သွယ်တို့မှာ သွေးကြောစိမ်းတို့ သွက်ယှက်နေလေသည်။ တစ်ချက်တစ်ချက် ဘာကိုအလိုမကျမှန်းမသိပါ လေးကိုင်းသဏ္ဌာန်
မျက်ခုံးတို့ဟာ တွန့်ချိုးသွားလေရဲ့...

"ကစားသာကစားနေရတယ် မင်းအာရုံတွေ ဒီမှာမရှိဘူး သား။အခုမှပြန်လာတဲ့အဖေကို ဒါလေးတောင် အဖော်ပြုမပေးချင်ဘူးလား။
ဘယ်လိုဖြစ်ရတာလဲ"

"မဟုတ်ဘူးဒယ်ဒီ။ဒယ်ဒီပြန်လာတာဝမ်းသာပါတယ်။ဒါပေမဲ့..."

"မင်းမိန်းမကိုတစ်ယောက်ထဲထားခဲ့ရလို့လား"

"အင်း နေမကောင်းသေးလို့ပါ"

"သူ့အနားမှာပဲကပ်မနေနဲ့king။မင်းမှာ လုပ်စရာအလုပ်တွေ အများကြီးရှိတာသိတယ်နော် Joeရဲ့တူ စုံစမ်းရေးမှူးနဲ့ပတ်သက်ပြီး ဘာလုပ်မယ်တွေးထားလဲ"

"သူ့ကိုလည်းလျော့တွက်လို့မရတာ ကျွန်တော်နားလည်ပါတယ်ဒယ်ဒီ။ဒါပေမဲ့ အရင်caseပြီးထဲက သူပျောက်သွားတယ်"

"အဲ့ကောင်က မင်းကိုတရားဝင်စိန်ခေါ်ထားတဲ့လူ။ သူ့မှာလည်း ငါတို့မသိတဲ့အင်အားတွေ ရှိနေတာ မင်းသိတယ်မလား သား"

ခေါင်းညိတ်ပြလာတဲ့သားကို Dam အားမရပါ။ တစ်ချိန်လုံး မိန်းမအနားပဲကပ်တွယ်နေကာ အလုပ်ပိုင်းမှာပျက်ကွက်နေတာတွေ များလွန်းနေပြီ။ လေလံဆွဲခဲ့တာတွေ၊ ကျွန်းဝယ်ခဲ့တာတွေက သူ့ပိုက်ဆံမို့ ဘာမှမပြောချင်ပေမဲ့ အလုပ်မှာလစ်ဟာတာကိုတော့မကြိုက်ပါ...အထူးသဖြင့် ယနေ့လို ကျွန်းဆီ ပစ္စည်းသွားယူတဲ့ကိစ္စတွေကို ပယ်ပင်းဆီ လက်လွဲတာကို Dam King သဘောမကျဖြစ်နေသည်။

"သူ့နောက်ကိုလည်း လူထည့်ထားပါတယ်။ မကြာခင် ကျွန်တော်သိချင်တဲ့အချက်အလက် ရတော့မှာပါ"

"ဘယ်တုန်းကထည့်လိုက်တဲ့လူလဲ"

"အဲ့လိုရှိတယ်။ဒယ်ဒီ ကျွန်တော့်ကိုမိန်းမနားပဲ ကပ်နေတယ်ဆိုပြီး Kingdomကိုပါ လျစ်လျူရှူမယ်ထင်လို့လား"

ထိုစကားကိုပြောပြီးနော် ကစားကွက်ကိုရွေ့ကာ ပြန်ထွက်သွားတဲ့သားကို ခေါင်းခါမိယုံသာ။ မတွေ့ရတာကြာပြီဖြစ်တဲ့သားအဖတွေရဲ့ တွေ့ဆုံမှုဟာ စစ်တုရင်တစ်ပွဲကြာချိန်ပဲတဲ့လား။

Daniel KingWhere stories live. Discover now