Part-76

12.7K 412 125
                                    

Unicode

တင်းတင်းဖိပိတ်ထားတဲ့မျက်ခွံလေးတွေနှင့် ကော့ညွှတ်နေတဲ့ မျက်တောင်လှလှလေးတွေဟာ သူ့အတွက်အသည်းယားစရာ ကောင်းလှသည်။ အနည်းငယ်ပွင့်ဟနေတဲ့ နှုတ်ခမ်းလေးကို ဖွဖွထိလိုက်စဉ် သူ့ကျောက စပ်ဖျဉ်းဖျဉ်း
ဖြစ်လာ၏။

ဒါကြောင့်ပဲ နှုတ်ခမ်းတစ်စုံဟာ ကော့ညွှတ်သည်အထိ ပြုံးသွားခဲ့တယ်။ တစ်ညလုံး သူ့အလိုကိုလိုက်ခဲ့တဲ့ အကောင်ပေါက်စလေးရဲ့ လက်သည်းချွန်ချွန်မှာစွန်းထင်းနေတာက သူ့ကျောပြင်က သွေးစတွေပဲပေါ့။ထို့နောက်
သူသတိရလိုက်သည်က နဖူးပေါ်ရှိ ရေစိုပုဝါကို
ပြန်လဲပေးဖို့ရန်ပင်။

ဟုတ်သည်။သူ့ရဲ့ဘေဘီက ဖျားနေခဲ့ပြီ။ မနက်၁၀နာရီတိတိမှာ သူနိုးခဲ့တော့ ရင်ခွင်ထဲရှိ အကောင်ပေါက်စလေးက တစ်ကိုယ်လုံးပူကျစ်တဲ့ အထိ ဖြစ်နေပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေသေးတာ။ပင်ပန်းသွားရှာပြီ။ တစ်ညလုံး ငိုယိုရင်း သူပြုသမျှကို ငိုကြွေးယုံကလွဲပြီး ဘာမှမတတ်နိုင်တော့တဲ့ကလေးမလေးက ငိုရင်းအော်ရင်းဖြင့်သာ...

ပြုံးမိပြန်သည်။မနေ့ညက ဘေဘီ့အပြုအမှုတစ်ခုချင်းဆီက သူ့ကို အကျေနပ်ကြီး ကျေနပ်စေခဲ့ပုံကို ပြန်တွေးမိပြန်ပြီ။

::::::

ချည်နှောင်ထားတဲ့ကြိုးတွေအကုန်ပြတ်တောက်သွားကာ ထိုကြိုးတွေက ဘုရင့်လက်ထဲမှာ။

"မင်းတော့သွားပြီဘေဘီ"

ရေရွတ်သံနဲ့အတူ အထိတ်တလန့်ဖြစ်နေတဲ့ ဘေဘီ့အပေါ်က အုပ်မိုးကာ သူပြုံးလိုက်၏။ ဆေးကြောင့်မဟုတ်ရင်တောင် သူ့ဒဏ်ကို ဘေဘီမခံနိုင်တာ...အခုလို အခြေအနေနဲ့ ဘေဘီ့အတွက်စိုးရိမ်စရာပဲ။

"မောင် ... ဖယ်ပေး"

"ဟင် ဘေဘီဘာပြောတာ"

"ဖယ်ပေးလို့"

မျက်လုံးမှိတ်၍အော်နေတာလေးက ကြောက်နေပုံပဲ။ခပ်သေးသေးကိုယ်လေးကို ပိုပြီးကျုံ့ထားတဲ့ အနှီအကောင်ပေါက်လေးက မြိုချပစ်ချင်စရာအတိ။

"ဘေဘီ မောင့်ကိုအရင်လာစတာနော်"

"ကြောက်...ကြောက်တယ်လို့"

Daniel KingWhere stories live. Discover now