University life(Special Extra-5)

4.7K 261 92
                                    

Unicode

နေ့တစ်နေ့ဟာ တိမ်ကင်းစင်ပြီး အပြာရောင်ကောင်းကင်ကိုဖန်တီးထားမယ်ဆိုရင်၊ လေနုအေးအေးလေးတွေကသာ ခပ်ငြိမ်ငြိမ်တိုက်ခတ်နေမယ်ဆိုရင် သာယာတဲ့နေ့တစ်နေလို့ပြောကြလိမ့်မည်။

သို့သော် Daniel Kingအတွက်သာယာသည့်နေ့တစ်နေ့က စာသင်ခန်းမှာထိုင်နေတဲ့ နောက်ကျောပြင်လေးကို ငေးခွင့်ရတဲ့နေ့ပါပဲ...

"ဟေး "

"ကောင်လေး ရောက်လာပြီလား"

"မမအတွက်ဝယ်လာတာ"

ရွှင်မြူးနေတဲ့အသံနဲ့အတူ အနားရောက်လာတဲ့Daniel Kingက သူ့လက်ထဲမှာလည်း boxတစ်ခုကိုကိုင်လာသေးသည်။

"ဘာတွေလဲ ကောင်လေး"

"ဖွင့်ကြည့်လေ။surprise...ဖြစ်သွားအောင်လို့ "

"လက်ဆောင်လား"

"yes "

"တန်ဖိုးကြီးတာမျိုးဆိုရင် လက်မခံချင်ဘူးနော်"

"မကြီးပါဘူး မမကလည်း...ကြီးလည်း ဘာဖြစ်လဲ မောင်ဝယ်ပေးမှာပေါ့။ မမဘာလိုချင်လဲဟင်"

"မင်းချမ်းသာမှန်းတော့သိပါတယ်...မလိုအပ်တဲ့နေရာမှာ မဖြုန်းစေချင်တာ"

"ဒီတစ်ခါပဲလေ နော် နော် မမ...သားက မမအတွက် သေချာလေးဝယ်လာတာလို့ နော်။ လက်မခံချင်ဘူးလားဟင်"

ဟင်း...
မျက်ရည်ကြည်ဝှေ့လာတဲ့ ခရမ်းရောင်မျက်ဝန်းတစ်စုံကြောင့် မြကျေးတမာနွယ်ရဲ့အဖြစ်က သက်ပြင်းရှည်ကြီးချယုံသာတတ်နိုင်တယ်။ဒီကောင်လေးကို သူမ မငြင်းဆန်နိုင်ဖြစ်နေမိသည်။

$52,480 ဝန်းကျင်(မြန်မာငွေသိန်းတစ်ထောင့်တစ်ရာကျော်)တန်ဖိုးရှိတဲ့ ရွေရောင် Rolex နာရီကိုဝတ်ထားတဲ့​ကောင်လေးရဲ့ အနေအထားဟာ မမေးကြည့်ရင်တောင် အဆင်ပြေတဲ့မိသားစုက အလိုလိုက်ခံကလေးမှန်း သိနိုင်ပါသည်။ဝတ်တဲ့အဝတ်အစားကအစ brandမှဝတ်တဲ့ ထိုကောင်လေးက ကျေးလို အချိန်ပိုင်းအလုပ်လုပ်ပြီးကျောင်းတတ်နေရတဲ့သူနဲ့ ဘာကြောင့်ခင်ချင်လဲမသိပေမဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် ကျေး ကလည်းမာနကြီးပါရဲ့။

"နော် မမ ။သားရဲ့လက်ဆောင်ကိုဖွင့်ကြည့်လေ... သေချာတယ် ဒီလက်ဆောင်ကို မမငြင်းနိုင်မှာမဟုတ်ဘူး"

Daniel KingKde žijí příběhy. Začni objevovat