University life(Special Extra-6)

4.3K 262 99
                                    

Unicode

ကျေး ရဲ့ပခုံးပေါ် မျက်နှာအပ်ကာ ဒီကောင်လေး တအီအီနဲ့ငိုနေတာ၁၅မိနစ်ကျော်နေပြီ။ ဝမ်းနည်းလွယ်တာလား၊လူကပ်တာလား စဥ်းစားမရပေမဲ့ စာသင်ချိန်ပြီးလို့ နေ့လည်နားချိန်အထိ မျက်ရည်ကျလို့ကောင်းဆဲ ကောင်လေးကြောင့် လက်ခံလိုက်ရတာက တကယ်ဂျစ်တူးတစ်ယောက်ဆိုတာကိုသာ။

"တိတ်ပါတော့ကွယ်...မင်းနဲ့သူငယ်ချင်းဖြစ်ရတာမဟုတ်ဘဲ ...မင်းအမေဖြစ်နေသလို  ခံစားရတယ် နော် မငိုနဲ့တော့"

"မမ"

"အင်း အင်း"

"သားလို့ပြောတာမကြိုက်ဘူးလား"

"မကြိုက်ဘူးလို့ပြောဖူးတယ်လေ။ အသက်အရမ်းမကွာလို့ မသင့်တော်ဘူးလို့"

"ဒါပေမဲ့ ပြောချင်နေတာကိုဘယ်လိုလုပ်ရမလဲ"

"ဘယ်လိုလုပ်ချင်လို့လဲ။ကျေးကို မင်းအဖေနဲ့သာပေးစားပြီး အမေတော်လိုက်တော့"

"အမေဆို အမေတွေလုပ်သလိုလုပ်ပေးရမယ်လေ"

"ဘာကိုလဲ"

"အမေတွေ သူတို့ကလေးငယ်လေးတွေကို လုပ်ပေးသလိုမျိုး"

"ရှင်းရှင်းပြောစမ်းပါ Daniel Kingရဲ့"

"အမေတွေလုပ်ပေးနေကြဟာပါဆို။ ကလေးတွေငိုရင် လုပ်ပေးတဲ့ဟာပါဆို"

"သြော် ဟုတ်ပြီ...ဟုတ်ပြီ"

"သိပြီလား မမ"

"အင်း"

"အဲတာဆို လုပ်ပေးတော့လေ"

ကောင်လေးကအငိုရပ်ပြီး မျက်နှာမော့ကာ ပြုံးစိစိလုပ်လာပေမဲ့ ခေါင်းကို ပုတ်ပေးလိုက်တော့ မျက်နှာမဲ့သွား၏။ သူမ လုပ်ပေးတာ မမှန်လို့လား။ကလေးတွေငိုရင် ခေါင်းလေးကိုပုတ်ပေးကြတယ်လေ။

"ဖယ်ပေးတော့..."

စူပုတ်ကာ လက်ကိုတွန်းဖယ်လာတာမို့ ကျေးလည်းမျက်ခုံးပင့်ကာကြည့်ကာ...

"ဟမ် မင်းပဲအမျိုးမျိုး။ဒါဆိုလည်း စာကြည့်တိုက်သွားတော့မယ်"

ပြောပြီး စာအုပ်တွေသိမ်းလိုက်ပေမဲ့ ထိုကောင်လေးက သူမလက်ကိုဆွဲကိုင်ထားပြန်သည်။

Daniel KingWhere stories live. Discover now