Part-42

20K 678 95
                                    

Unicode

"သား ပါပါးကိုကြည့်အုံးကွာ"

သားက သူ့အမေလို အခန်းတံခါးပိတ်မထားပေမဲ့ စကားတော့တစ်ခွန်းမှမပြောပဲ ငြိမ်ငြိမ်လေးထိုင်နေသည်။

"သား ... ပါပါးကိုကြည့်လို့။အဲ့လိုမျိုး ဆက်ပြီး နေမယ်ဆို ပါပါးမချစ်တော့ဘူးနော်"

"အမှားလုပ်ထားတာကဘယ်သူလဲ။ မာမားကငိုအောင်လုပ်တာကရော ဘယ်သူလဲ"

"အေးပါ ပါပါးမှားပါတယ်ဆို"

လက်ပိုက်ထိုင်နေတဲ့သားကို ပေါင်ပေါ်ပွေ့ချီကာ ပါးပြင်လေးတွေကိုမွှေးကြူလိုက်သည်။သို့တိုင် သားက ခပ်တည်တည်မျက်နှာလေးဖြင့် သူ့ကိုမကြည့်သေးပဲ။

ဘေဘီ့ကိုချော့ဖို့ သားကအဓိကဖြစ်သည်။ သားနှိုးလာခဲ့ပြီး သူ့ရဲ့မူးရူးနေတဲ့ပုံစံကိုမြင်လို့ စိတ်ဆိုးတာ။ပြီးတော့ ကလပ်သွားတဲ့ကိစ္စ။

"သား။ပါပါးတောင်းပန်တယ်နော်...ကြည့်ပါအုံးသားရဲ့"

"... ..."

"ဟင်  သား ။ ပါပါးကိုစိတ်မကောင်းဖြစ်အောင် လုပ်မလို့လား"

ဆိုမှ သားက သူ့ပါးကိုလာနမ်း၏။

"မာမားကိုငိုအောင်လုပ်တယ်။မာမားငိုတာ မကြိုက်ဘူး"

"အခုသွားချော့မလို့။ကတိပေးပါတယ် နောက်ဆို သားမာမားကို ငိုအောင်မလုပ်တော့ပါဘူး"

"ကတိနော်"

"အင်း ကတိပေးတယ်"

သူကတိပေးလိုက်သည့်တိုင် မကျေနပ်ပေးသည့် မျက်နှာလေးနဲ့သားက ဘုရင့်လက်ကိုဆွဲ၍ ဘေဘီ့အခန်းရှေ့ဆွဲခေါ်သွား၏။

"ချော့"

"ဟင်  "

"မာမားကိုအခုချော့"

"Ok ။ သားက ဦးဦးတို့နဲ့သွားနေနော်"

"မာမားထပ်ငိုရင် ပါပါးကိုမခေါ်တော့ဘူးနော်"

ကြိမ်းမောင်းပြီးမှ ပြန်လှည့်ထွက်သွားတဲ့ သားကြောင့် ဘုရင့်မျက်နှာကြီးက အလိုလိုပြုံးရွှင်နေမိသည်။သူ့မာမားနဲ့ပတ်သက်ရင် သားက သူ့ကိုတောင်မခေါ်ဘူးဆိုပါလား။

Daniel KingWhere stories live. Discover now