Part-77

10.9K 382 37
                                    

Unicode

နေးလေးကဖုန်းဆက်တာအထူးတဆန်းလို ဖြစ်နေသည်မို့ Speakerဖွင့်ပြီးမှ ဖုန်းကို အလယ်မှာချကာနားထောင်ရသည်။

"ဟယ်လို ... ကိုကိုလား"

"သမီး ကိုကိုက မအားဘူးသမီးရဲ့။ ဘာပြောချင်လို့လည်း ပါပါးကိုပြောခဲ့လေ"

"သမီးပြောမှာ အရေးကြီးတယ်။မပြောခင် ပါပါးဆီက ကတိတောင်းရမှာ"

kingက မျက်ခုံးတစ်ဖက်ပင့်၍ ပြုံးစစဖြစ်သွား၏။ ထိုကတိက တခြားမဟုတ်ပဲ သူမလေးကို လာခေါ်ပေးဖို့ပဲဖြစ်မှာပါ။

"ပြောကြည့်လေ ပါပါးလုပ်ပေးနိုင်တာဟုတ်မဟုတ်"

"သမီးကို ကာကွယ်ပေးရမယ်"

"အေးပါ။သမီးက ပါပါးရဲ့သမီးလေ ကာကွယ်ပေးရမှာပေါ့"

"အဲ့တာဆို ပြောပြပေးမယ်။ဒယ်ဒီက..."

"နေအုံးသမီး ခဏလေး"

ဘေးနားမှာဘေဘီရှိနေသည့်အတွက် ဖုန်းကို speakerပိတ်၍ အခန်းအပြင်ထွက်ကာ
ခပ်ဝေးဝေးဆီ ထွက်လာခဲ့သည်။ဒယ်ဒီဆိုမှတော့ Joeနဲ့ ပတ်သက်နေမှာ ... စိတ်အပန်းဖြေဖို့ ခရီးထွက်လာတဲ့ဘေဘီက ဒါတွေသိဖို့မှ မလိုအပ်တာပဲ။

"ရပြီ သမီး။သမီး ဒယ်ဒီက ဘာဖြစ်လို့လဲ"

"အရင်တုန်းက သမီးသူငယ်ချင်းတွေ အများကြီးသေသွားတာ ပါပါးသိလား။ ရထားကြီးပေါ်မှာ မီးလောင်လို့လေ"

သူ့ခေါင်းထဲရောက်လာသည်က တောင်ဘက် ရထားလမ်းဆီမှ ပေါက်ကွဲမှု။ထိုတုန်းက ကလေးတွေသာမကပဲ ပြည်သူတွေ အများကြီး သေဆုံးခဲ့တဲ့သတင်းကိုဖတ်ခဲ့ရသည်။

"ပါပါးသိပြီသမီး။အဲ့တာက ဘာဖြစ်လို့လဲ"

"အဲ့လိုပေါက်ကွဲအောင်လုပ်တဲ့လူဆိုးတွေကိုရော ပါပါးသိလား"

"မသိဘူးသမီးရဲ့။အဲ့ဒီတုန်းက အမှုက မတော်တဆပါဆိုပြီး ရုံးချိန်းပိတ်သွားတာလေ"

"ဟင့်အင်း အဲ့တာမတော်တဆမဟုတ်ဘူးပါပါး။ ဒယ်ဒီပြောနေတာ နေးကြားခဲ့တယ်။ ဒယ်ဒီက ပိုက်ဆံတွေအများကြီးရလို့ အဲ့ဒီအမှုကို ပိတ်လိုက်တာတဲ့"

"ဘယ်လို ! "

"ဟုတ်တယ် ဒယ်ဒီနဲ့ အန်ကယ်Jamesunပြောတာ သမီးကြားခဲ့တယ်။ပြီးတော့ ရေနံမှောင်ခိုတယ်တဲ့။ လာဘ်စားတာတွေလည်းပါတယ်...အခုလည်း ရေနံဝယ်ဖို့ အခွန်တွေတိုးကောက်မယ်တဲ့"

Daniel KingWhere stories live. Discover now