Part-5

44.4K 1.3K 93
                                    

Unicode

"အခုကစပြီး နွယ် ဒီမှာနေမလို့"

"ဘယ်လို"

"ပိုင်ရှင်အစစ်အမှန်လာတာပဲ ကိုကိုရဲ့
အဲ့လောက်ထိ အံံ့သြစရာလိုလို့လား။မဟုတ်မှ နွယ် ကိုကို့ကိုစိတ်မဆိုးဘူးလား မေးချင်တာလား"

"ကျွတ်"

စိတ်ရှုပ်စွာဖြင့် စုတ်သပ်မိရင်း နဖူးပေါ်၌ ခပ်အုပ်အုပ်ကျနေတဲ့ ဆံပင်တို့ကိုထိုးဖွမိလေ၏။

"နွယ်စိတ်မဆိုးပါဘူး။နွယ်က ကိုကို့ချစ်သူအစစ်အမှန်ပဲ။အောက်တန်းကျတဲ့ စိတ်ဓာတ်နဲ့ သူများချစ်သူကို လုယူထားခဲ့တာမှ မဟုတ်တာ"

အောက်ထပ်က အတိုင်းသားကြားနေရသည့် စကားသံတို့ဟာ ကျေး ကိုရည်ရွယ်သည်မှန်း သိနေ၏။ထို့ကြောင့်လှေကားလက်ရန်းကို ထိမ်းကိုင်ထားသည့် လက်တို့ဟာလည်း တုန်ရီနေသလို မျက်ရည်များလည်း ကျလာရသည်။

ညီအစ်မအရင်းတွေလို ချစ်ခင်လာကျပြီးမှ ယောကျာ်းတစ်ယောက်အတွက်နဲ့ သွေးကွဲကျရမည်လို့ အိမ်မက်ထဲတောင် ထည့်မမက်ခဲ့ဘူးတာ အမှန်ပါလေ။

"နွယ် မင်းနဲ့ငါ ပတ်သက်ဖို့မရှိဘူး။ ပြောခဲ့ပြီးသား။ရည်ရွယ်ချက်တစ်ခုကြောင့် မင်းကိုချဉ်းကပ်ခဲ့တာပါလို့"

ငြင်းဆိုတဲ့စကားအဆုံး နွယ်ရဲ့ လှောင်ပြောင်ခြင်း အငွေ့အသက်တို့ပါနေတဲ့ ရယ်သံထွက်လာ၏။

"ဘာဖြစ်လို့လဲ။ကိုကို နွယ့်ကိုရှောင်ဖယ်ချင်တာ ကျေး ကြောင့်မို့။ အခု နွယ်ရောက်လာပြီလေ သူဖယ်ပေးရတော့မှာပေါ့"

"တော်စမ်း။မင်း ငါပြောတာ နားမလည်ဘူးလားနွယ်။မြကျေးတမာနွယ်ဆိုတာ မင်းနဲ့မသိခင်ထဲက ငါ့မိန်းမဖြစ်နေခဲ့ပြီလား"

"ဟင့်အင်း ... မယုံဘူး။ကိုကိုက နွယ့်ကိုပဲချစ်တယ်ဆိုတာ နွယ်သိပါတယ်။ ကျေးကို ခဏတာစိတ်ကစားတာ။အဲ့တာတွေ နွယ်ခွင့်လွတ်ပေးနိုင်ပါတယ် ကိုကိုရဲ့။ပြီးတော့ ဒီမှာ ကိုကိုနဲ့အတူနေဖို့ ကိုကို့ဒယ်ဒီကလည်း ခွင့်ပြုသွားတယ်"

"ဒယ်ဒီက ... "

"နွယ့်ဆီလာသွားတယ်။သူ့ချွေးမအဖြစ် အသိအမှတ်ပြုသတယ်လို့လည်း ပြောသွားတယ်ကိုကိုရဲ့"

Daniel KingWhere stories live. Discover now