Part-19

26K 839 176
                                    

Unicode

သူ့ရင်ခွင်ထဲမှီထိုင်ကာငြိမ်သက်နေသည့် အကြင်သူရဲ့မျက်နှာလေးကို မက်မက်မောမော ငေးကြည့်မိသည်။

"ဘုရင်"

ခပ်တိုးတိုးခေါ်သံလေးကို နားစိုက်ထောင်နေရင်း သူ့ကိုမော့ကြည့်လာတဲ့ မျက်ဝန်းလှလှလေးတွေကို အမြတ်တနိုးဖြစ်ရပြန်သည်။

"ပြောလေ မောင့်ကလေးရဲ့။ဘာဖြစ်လဲ"

"နင် ငါ့နားမှာရှိနေတာဟုတ်ပါတယ်နော်"

"မောင်ရှိနေပါတယ်။ဘေဘီ အိပ်အုံးလေ"

"ငါမအိပ်ရဲဘူး။ဟိုအရင်ရက်တုန်းကလည်း ငါ့နားမှာနင်ရှိနေတယ်တဲ့။ ဒါပေမဲ့ ငါမျက်လုံးဖွင့်လိုက်တော့ နင်မရှိတော့ဘူး။"

"အဲ့တာနဲ့ပဲ မအိပ်ပဲနေခဲ့ရောလား"

"အင်း "

သူတစ်ယောက်ထဲကြားဖို့ လုံလောက်တဲ့ အသံလေးကပင် သူ့ရင်ကိုအဆမတန်နာကျင်စေ သည်။မျက်ရည်တို့ရစ်ဝဲလာတဲ့ မျက်ဝန်းလှလှအား အုပ်မိုးထားသည့် မျက်ခွံလေးတွေကို ကြင်သာစွာနမ်းရှိုက်၏။

"အေးပါ ။ မောင်သိပါတယ် ။အိပ်လိုက်အုံးနော်။ ဒီရက်တွေအတွင်း မောင့်ဘေဘီပင်ပန်းခဲ့ပြီ"

"ငါမအိပ်ပါဘူး။ငါမအိပ်ချင်ဘူး"

"မောင်ရှိနေတယ်လေ"

"ဟင့် ... မအိပ်ပါဘူးဆို"

သူမြတ်နိုးတဲ့ပါးပြင်ထပ် မျက်ရည်တွေ ကျဆင်းလာသည်မို့ ထိုမျက်ရည်တို့အား သုတ်ပေးရင်း သက်ပြင်းချမိ၏။

"မငိုပါနဲ့။မောင် သေမှမသေတာအချစ်ရဲ့"

"မသိဘူး...ဘာမှမသိချင်ဘူး"

ခေါင်းရမ်းလျက်ပင် ဖြူဖွေးသွယ်တန်းနေတဲ့ လက်ကလေးတွေက သူ့ခါးကိုဖက်တွယ်လာသည်။ မျက်ရည်တွေကျနေတဲ့ မျက်နှာလေးကို သူ့ရင်ခွင်ထဲဝင်ဖွက်လာပြန်သည်မို့ ဘုရင့်မျက်နှာကြီး ပြုံးရွှင်လျက်...

"မငိုနဲ့အချစ်။မောင့်အချစ်သာ ဒီကမ္ဘာမှာ ရှင်သန်နေစမ်းပါစေ...မောင်လည်း ရှင်သန်နေမှာ"

"ဟင့်အင်း "

"မောင်မသေပါဘူးကွယ်။အခုများ မောင်သေသွားခဲ့ရင် မင်းစိတ်နဲ့ သရဲဖြစ်နေမှာပေါ့"

Daniel KingWhere stories live. Discover now