Part-58

15.4K 619 177
                                    

Unicode

"မင်းတကယ်သွားမလို့လား သား"

"သွားဖို့ဆုံးဖြတ်ပြီးပြီ"

တစ်ချိန်လုံးဘာမှမပြောတဲ့ဒယ်ဒီက ညနေပိုင်းလောက်မှ မေးလာသည်မို့ ဆွဲလက်စ ပန်းချီကားကိုရပ်လိုက်သည်။

"ဟိုမှာ မင်းအတွက်ခက်ခဲမှာပေါ့ ။ မင်းရဲ့ကျန်းမာရေးအတွက်ရော ဘယ်လိုလုပ်မလဲ"

" ဒယ်ဒီပြောတယ်လေ ကျွန်တော်အဲ့မှာ ငယ်ငယ်ထဲကကျောင်းတတ်တာဆို ဘာကိုအဆင်မပြေစရာရှိလဲ"

"နေတာ့ကျတော့ရော ဘယ်မှာနေမယ် စိတ်ကူးထားတာလဲ ။ အရင် မင်းနေခဲ့တဲ့အိမ်လည်း ရှိတော့တာမှ မဟုတ်တာ"

"ကုမ္ပဏီကနိုင်ငံခြားအေဂျင်စီနဲ့ချိတ်ပြီး တိုက်ခန်းငှားထားတယ်"

"မင်းသွားဖို့ကို ကုမ္ပဏီနဲ့ချိတ်လိုက်တာလား"

"ဟုတ်တယ် ဒယ်ဒီ။အတိတ်မေ့နေတဲ့ ကျွန်တော်အတွက် စာရွက်စာတမ်းတွေလုပ်ဖို့ အဲ့တာကပဲအဆင်ပြေတယ်လေ ။ ဘာမှလည်း ခက်ခက်ခဲခဲလုပ်စရာမလိုပါဘူး ။ ဆွေးနွေးပွဲအတွက်သွားဖို့ကို ပြင်သစ်ရုံးခွဲ ပြောင်းလိုက်ယုံပဲ"

ခေါင်းညိတ်ကာနားထောင်နေတဲ့ ဒယ်ဒီကြောင့် သူ့ရဲ့အာရုံတွေကို ပန်းချီကားဆီ ပြန်ပို့ထားလိုက်ကာ...

"မာမီက နောက်ယောကျာ်းယူခဲ့သေးလား"

"မယူခဲ့ဘူး"

"ကျွန်တော်က ဒယ်ဒီ့သားအရင်းဟုတ်ရဲ့လား"

"ဘယ်လိုမေးလိုက်တာလဲ ညဘုရင်။ မင်းက ငါ့သားမဟုတ်လို့ ဘယ်သူ့သားဖြစ်ရမှာလဲ"

ဦးနေ့သစ်လင်းရဲ့မျက်နှာက ထိတ်လန့်မှုနဲ့အတူ ပျက်ယွင်းနေလေသည်။သူထွက်သွားတာ ဝမ်းသာစရာဆိုပေမဲ့ အမွေတွေက ကျန်နေသေးတာ မဟုတ်ပါလား။ ယခုလက်ရှိ ညဘုရင်သာ သူတို့သားအရင်းမဟုတ်မှန်း ပေါ်သွားရင်း အမွေထိမ်းရှေ့နေ့က ဘုရင့်လက်ထဲက အမွေတွေအကုန် ပြန်ယူလိမ့်မည်။

"မင်းက ငါ့သားပါ ညဘုရင်ရဲ့။ အချိန်အကြာကြီး ကွဲကွာနေလို့ သွေးမရင်းဘူးလို့ မင်းထင်လိမ့်မယ်။ ဒါပေမဲ့ မင်းက ငါ့ရဲ့တစ်ဦးတည်းသော သားပါ"

Daniel KingWhere stories live. Discover now