Part-51

14.8K 511 31
                                    

Unicode

ဖြေးညှင်းစွာဖြင့် ဆိုင်ကယ်တစ်စီးအားမောင်းနှင် လာသူရဲ့မျက်နှာဟာ ကြည်နှုးမှုအပြည့်နှင့်။ ခါးကိုဖက်တွယ်ထားတဲ့ လက်ကလေးတွေဟာ သူ့ကိုတစ်ဘဝလုံးဖယ်တွယ်ထားမည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ရပြီဖြစ်သလို လေတိုးတဲ့အခါတိုင်း နှာသီးဝမှာတိုးဝင်လာတဲ့ လာဗင်ဒါရနံ့လေးတွေ။

"ဘေဘီ"

"အင်း"

"ချမ်းလား"

"မချမ်းပါဘူး ။ နင့်ကိုဖက်ထားတယ်လေ"

သူကျေနပ်လောက်သည့်အဖြေဖြစ်တာမို့ ဘုရင်ပါးစပ်ပိတ်သွားသည်။ဆိုင်ကယ်ကို ခပ်ဖြေးဖြေးမောင်းနှင်ရင်း ပင်လယ်နဲ့ မလှမ်းမကမ်းရောက်သည်နှင့် အိမ်ပုလေးတစ်လုံးရှေ့ ရပ်လိုက်၏။

"ဘုရင် ... ဒါဘယ်သူ့အိမ်လဲ"

"ဒီထဲကိုဝင်လိုက်ရင် မောင်တို့မြန်မာပြည် ပြန်ရောက်သွားသလိုဖြစ်မှာ။လာ ဘေဘီ"

ကျေးကို ပွေ့ဖို့ ရွယ်လိုက်တဲ့ဘုရင်ကြောင့် နောက်ဆုတ်လိုက်၏။

"မောင်ယောင်သွားလို့ ။ ဒီတိုင်းသွားမှာလား"

"အင်း"

"ခေါင်းမူးရင်ပြောနော်"

"အိမ်ထဲဝင်ယုံပဲဟာကို"

မျက်စောင်းရွယ်ကာပြောလာသည့် ဘေဘီ့အကြည့်တွေက ပိုကိုပိုလွန်းတယ်ဆိုတဲ့ အကြည့်တွေ။ဒီရက်ပိုင်းအတွင်း သူ့ဆီမျက်နှာငယ်လေးနဲ့လာကြည့်ပြီး ပွေ့ပါ ချီပါဆိုပြီး ဂျီကျခဲ့တာ ဘယ်သူများလဲ။

သို့ပေမဲ့ သူဝတ်လာတဲ့အင်္ကျီလက်ရှည်ကို ချွတ်၍ ဘေဘီ့ထပ်ဝတ်ပေးကာ ကြယ်သီးတပ်ပေး၏။

"ဘေဘီတို့များ နေမကောင်းခင်က သူနေလို့မရတော့တစ်မျိုး ၊လူက နည်းနည်းလေးနေလို့ကောင်းသွားတော့ လေသံကတစ်မျိုး။ တတ်လည်းတတ်နိုင်ပါတယ်။အခုလည်း ကြည့်စမ်း အင်္ကျီထူထူကမဝတ်ခဲ့ပဲ လှချင်နေလိုက် ။ အေး ပြီးမှ နေမကောင်းဖြစ်ရင် ငါ့ကိုချီဆိုလည်းမရ
တော့ဘူးနော် ။ ဟင့် ဟင့် ဆိုလည်း အလိုမလိုက်တော့ဘူး"

သူ့ကိုဆူပုတ်ပုတ်ဖြင့်ကြည့်ကာ မျက်နှာလေး လွဲထားသည်မို့ ပိုပြီးစနောက်ချင်သည်။ လူလေးကသာ သေးသေးလေး ဒေါသက ကြီးလိုက်တာ။

Daniel KingWhere stories live. Discover now