University life(Special Extra-8)

5K 267 49
                                    

Unicode

"မမ... မနေ့က နင်နဲ့အတူတွေ့လိုက်ရတဲ့ ကောင်လေးကဘယ်သူလဲ"

"အာ ကော်ဖီဆိုင်မှာလား"

"အေး"

"အတန်းထဲက သူငယ်ချင်းပါ။နွယ် တွေ့လိုက်လို့လား"

"အဝေးကမြင်လို့မေးကြည့်တာပါ...ရည်းစားတော့မဟုတ်ပါဘူးနော်"

"ပေါက်ပေါက်ရှာရှာတွေပါ နွယ်ရယ်။ ရည်းစားမဟုတ်ပါဘူး ရိုးရိုးအတန်းဖော်ပါ"

လိမ်နေတယ်လို့မထင်ရအောင် ကြင်လင်နေတဲ့မျက်နှာအမူအရာကြောင့် မြကျေးကဗျာနွယ် စိတ်လျော့လိုက်ရ၏။ ထိုလူ့ပုံစံကြည့်ရတာ အဆင့်အတန်းမြင့်အိမ်ကပုံပဲ... ကော်ဖီဆိုင်ထဲကပြန်ထွက်အလာမှာ မောင်းသွားတဲ့ ကားရဲ့တန်ဖိုးက စျေးမြင့်သည်။ ဒါကြောင့် မေးရခြင်းပါ။ မြကျေးတမာနွယ်က ရည်းစားထားရင်တောင် သူမထက်သာတဲ့ ရည်းစားမျိုးရသွားမှာကို မလိုချင်ပါ။

ညီအစ်မတွေဆိုပေမဲ့ နွယ် ကသာအကောင်းတကာ့အကောင်းဆုံးကိုလိုချင်သည်။ University ကိုတောင် ကျေးနဲ့အတူ လိုက်တတ်ချင်ပေမဲ့ အမှတ်မမှီတာမို့ သူမဒေါသထွက်ခဲ့ရသေးသည်။ငယ်ငယ်ကတည်းက သူမကိုငဲ့ညာခဲ့တဲ့ကျေးကလည်း universityရောက်တာနဲ့ နွယ့်ကိုမငဲ့ညာတော့ပဲ သူမတတ်ချင်တာကိုသာရွေးသွားခဲ့တာ။

"မမ"

"အင်း"

"နင် ရည်းစားထားမယ်ဆို ငါ့ကိုကြိုပြောနော်။ ယောကျာ်းဆိုတာယုံရတာမဟုတ်ဘူးဟဲ့ နင်ကအူလည်လည်နဲ့အလိမ်ခံရမှာစိုးရိမ်လို့"

"ဟုတ်ပါပြီ သဘောကျတဲ့လူတွေ့ရင် နွယ့်ကို တိုင်ပင်ပါ့မယ်"

"အေး ကောင်းတယ်။ဒါနဲ့ နင့်မှာပိုက်ဆံရှိသေးလား"

"ဘာလုပ်ဖို့လဲ နွယ်ရဲ့"

"ကျောင်းမှာ စာရွက်စာတမ်းအတွက်ကုန်ကျတာများလို့ပေါ့။ပြီးတော့ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးရသေးတယ်...မာမီပေးတဲ့ မုန့်ဖိုးက ဘယ်လိုလောက်မှာလဲ"

"ဘယ်လောက်လိုတာလဲ"

"ရှိသလောက်ပေး"

"ငါလည်း လစာမရသေးဘူးလေ။အရင်လက ရတဲ့လစာထဲက ပိုတာနည်းနည်းပဲရှိတော့မှာ"

Daniel KingWhere stories live. Discover now