Part-29

19.6K 647 80
                                    

Unicode

"ဦး"

လေဆိပ်ကိုလာကြိုတဲ့ ကိုကို့ဆီအပြေးသွားတဲ့ တြာထန်မင်းမြတ်ကို ကျေးလည်းဆွဲလို့မမှီလိုက်။

"ဦး ... ဦး"

"တြာ ... ဖြေးဖြေးလာ သားသား"

သူ့ဆီအပြေးရောက်လာတဲ့ ကလေးကို ချက်ချင်းပွေ့ချီကာ ပါးပြင်လေးကိုနမ်းရှိုက် လိုက်သည်။မင်းထွဋ်ခေါင်တင် လို့အမည်ရတဲ့ သူက သူ့ရဲ့တစ်ဦးတည်းသောတူလေးကို ၃နှစ်ပြည့်ခါနီးမှ မြင်တွေ့ရသည်မို့ သူဝမ်းသာလှပါသည်။

"ကိုကို ... ကျေးတို့ပြန်လာပြီ"

"မျှော်နေတာကလေး။ပင်ပန်းလာပြီလား"

"ဟင့်အင်း မပင်ပန်းပါဘူး ။သား မာမားဆီလာလေ"

"နေပါစေ။ငါ့တူကို ငါပွေ့ပါရစေအုံး"

"ကိုကိုညောင်းမှာဆိုးလို့ပါ။သားကိုယ်ကလေးတယ်"

မျက်စောင်းတရွယ်ရွယ်ဖြစ်နေတဲ့ ကျေးရဲ့ ဆံပင်တွေကို ထိုးဖွရင်း ကိုကိုကပြုံးနေပြန်သည်။ ကျေးတို့ အမေရိကကိုစရောက်ပြီး ၁နှစ်အကြာမှာ ကိုကိုပြန်ခေါ်ခဲ့ပေမဲ့ အဲ့ဒီအချိန်သားသားက ၁နှစ်မပြည့်သေးတဲ့ ကလေးဖြစ်တာမို့ လေယာဉ်စီးဖို့ အဆင်မပြေသေးသည့်အလျောက် အခုထိကြာသွားခြင်းဖြစ်သည်။

"တြာ ... ဦးကိုအပြင်မှာမြင်ရတော့ ဘယ်လိုခံစားရလဲ"

"ဦးက ဦးဦးထက်ပိုချောတယ်"

"ဟုတ်လို့လား။သားသားအတွက် စက်ရုပ်တွေ အများကြီးဝယ်ထားမယ်ဆိုလို့ အခုလိုပြောနေတာမလား"

"မဟုတ်ပါဘူး။ဦးကတကယ်ချောတာ။"

"ဒေးဗစ် မင်းကိုလည်း အဲ့တာနဲ့ပဲ ညာစားနေတာမလား"

"ဟုတ်ပါဘူးနော်။ဦးဦးကတော့လုံးဝမိုက်တယ်"

လက်မထောင်ကာ တြာပြောလာတော့မှ ကိုကို့ မျက်နှာကြီးပြုံးဖြီးလာ၏။

"ဒါဆိုသားတို့နေမယ့်အိမ်ကိုသွားရအောင်"

"yes ။ let go "

သားကပျော်နေတာမို့ ကျေးမျက်နှာ ပြုံးနေရပေမဲ့ ပြင်သစ်မြေကိုခြေမချခင်ထဲက တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်နေမိသည်။

Daniel KingWhere stories live. Discover now