Part-61

16.5K 595 79
                                    

Unicode

ဒီအချိန်ဆို သားက သေနတ်လေ့ကျင့်ခန်းမှာ ရှိနေတတ်သည်တဲ့။ကျောင်းကပြန်လာလာချင်း စာကြည့်ပြီး ကိုယ်ခံပညာလေ့ကျင့်ကာ သေနတ်ပစ်သင်တဲ့သားလေးက သူ့ကြောင့် စိတ်ဒဏ်ရာရခဲ့တာကို စိတ်မကောင်း ဖြစ်ရပြန်သည်။

သူ့မာမားကိုလည်း ထမင်းခွံ့ကျွေးပြီး စောင့်ရှောက်ပေးခဲ့တယ်လို့ ပြန်ကြားရတော့ ဒီသားကို ဂုဏ်ယူလို့မဆုံးတော့။ ကျောင်းစာမှာ ထူးချွန်ပြီး တိုက်ခိုက်ရေးမှာလည်း စိတ်အားထက်သန်တဲ့သားက ယခုလည်း သေနတ်ပစ်လေ့ကျင့်နေပါတယ်။

ဒိုင်း... ဒိုင်း...

ပစ်မှတ်8,7ကိုထိုးဖောက်သွားသည့် ကျည်ဆန်တို့ကို ပစ်လိုက်သည့်သားရဲ့ မျက်နှာလေးက လုံးဝတည်တင်းနေကာ နားမှာအုပ်ထားသည့် နားကြပ်ကို ဖြုတ်လိုက်၏။

"ဘန်ဂျက် သားဒီနေ့စိတ်ရှုပ်နေလို့ ပစ်မှတ်ကို မထိဘူးဖြစ်သွားတယ်။သားကိုအပြစ်ပေးပါ"

"6နှစ်ကျော်အရွယ်လေးက တော်လိုက်တာပါလား"

ဖြောင်း...ဖြောင်း

တံခါးကိုမှီ၍လက်ခုပ်တီးကာပြုံးနေတဲ့သူ့မျက်နှာကို သားကစေ့စေ့ကြည့်ကာ မျက်နှာလေးက ငိုမဲ့မဲ့ဖြစ်လာ၏။သို့ပေမဲ့ ပထမပြန်တွေ့တုန်းကလို ခုန်တတ်ကာဖက်လာခြင်းမရှိပေ။

"ပါပါးရဲ့သားလေး"

"ပါပါး လူလိမ်"

"လာပါအုံးသားရဲ့"

"သားကိုညာတယ်"

ဆို၍ သူ့ဆီပြေးလာတဲ့သားကို ပွေ့ချီလိုက်သည်။ နဖူးပြေပြေလေးကိုနမ်းရှိုက်ကာ စိတ်ဆိုးနေတဲ့သားရဲ့ ပါးလေးတွေကိုညစ်လျက်...

"ပါပါးကဘာကိုညာရမှာလဲ"

"မနေ့က ပြန်လာမယ်ဆိုပြီး ပြန်မလာခဲ့ဘူး"

"ဟုတ်ပါရဲ့ ပါပါးကလူဆိုးပဲ"

"မဆိုးပါဘူး။ပါပါးကသားရဲ့ဟီးရိုး"

"အတတ်ကလေး။ဒီစကားတွေနဲ့ပဲ သားမာမားဆီက အချစ်တွေကို တစ်ယောက်ထဲ အပိုင်သိမ်းနေတာမလား"

"သားက ပါပါးကိုလည်းချစ်တယ်။မာမားကိုလည်း ချစ်ပါတယ်။ဒါပေမဲ့ ပါပါးက သားထပ် မာမားကိုပိုချစ်တာ"

Daniel KingWhere stories live. Discover now