Part-75

12.5K 420 72
                                    

Unicode

သူတို့အရှေ့ ခပ်လှမ်းလှမ်းမှာ ဘယ်သူကိုမှ မကြည့်ပဲ တစ်ယောက်ထဲလမ်းလျှောက်နေတဲ့ ကျေးဆီ ထွဋ်က မျက်စပစ်ကာ...

"မင်းဟာလေးက စိတ်ဆိုးနေတာလား"

"အေး"

"ဘာဖြစ်ထားကျတာလဲ"

"ခင်ဗျားလင်ကိုမေးလေ"

ထွဋ်ရဲ့အကြည့်တွေက ခေါင်းငုံ့ကာလမ်းလျှောက်နေတဲ့ ပယ်ပင်းဆီရောက်သွားပေမဲ့ ထိုအရာကို မသိတဲ့လူက ဘာတစ်ခွန်းမှဝင်မပြောပဲ နှုတ်ဆိတ်နေပြန်တယ်။

"ပယ်ပင်းကဘာလုပ်လိုက်လို့လဲ။မင်းဟာမင်း သဝန်တိုပြီးဖြစ်ကျတာမဟုတ်ဘူးလား"

"လွတ်ထားလိုက်ပါထွဋ်ရာ...အဲ့ကောင်က ကျေးနဲ့ကြာကြာ စိတ်မဆိုးနိုင်ပါဘူး"

ထွဋ်ပြောတာမှန်ပါတယ်။သူက ဘေဘီမရှိပဲ နေတတ်တဲ့လူမဟုတ်ဘူး။ညကတည်းက စိတ်ဆိုးနေတဲ့ အကောင်ပေါက်စလေးက ဆိုဖာပေါ်သွားအိပ်ဖို့တောင်လုပ်သေးတာ... ဗိုက်ကချုပ်ရိုးပြန်နာမှာဆိုးလို့ ခြိမ်းခြောက်ပြီး ကုတင်ပေါ်အိပ်ခိုင်းလိုက်ပေမဲ့ ကုတင်အစွန်းထိ တိုးအိပ်ပြန်တယ်လေ။အဲ့ဒီတော့ အအိပ်ကြမ်းတဲ့
ဘေဘီ့ကို ပြုတ်ကျမှာစိုးရိမ်သည့် သူကပဲ တစ်ညလုံးထိုင်စောင့်ပေးရတော့တာပဲ။

"မင်းဟာလေးမျက်နှာကဘယ်လိုမှမကြည်ဘူးနော်။ မချော့တော့ဘူးလား"

"တစ်ခါတလေ စိတ်ဆိုးတဲ့အတိုင်း လွတ်ထားကြည့်လိုက်မလို့"

"ကြည့်ကျပ်လည်းလုပ်အုံး။မင်း ရည်ရွယ်ချက်ကြီး ပျက်ဆီးသွားပြန်အုံးမယ်"

"မပြောကောင်းမဆိုကောင်းနဲ့ ကျက်သရေ တုံးလိုက်တာဗျာ"

"ငါကြားက ချော့ပေးရမလား"

"ထားလိုက်။စိတ်ဆိုးနေတာလေး သဘောကျလို့ ဒီအတိုင်းပစ်ထားတာ"

သူပြောနေစဉ်မှာပဲ ဖုန်းလာခဲ့တာမို့ စကားဝိုင်းကနေ ထွက်လာခဲ့လိုက်သည်။

Kunဆီက ဖုန်းဆိုတော့ Jamesun အကြောင်းပဲ ဖြစ်နိုင်တယ်ဆိုတဲ့ ... သူ့ရဲ့ခန့်မှန်းချက်က မှန်နေပြီး အဲ့ကောင် ဘာဆက်လုပ်ဖို့ ခြေလှမ်းပြင်နေလည်းဆိုတာကို Kunက တဆင့် သိလိုက်ရပြီမို့ သက်ပြင်းတစ်ချက်ချသည်။ ပိရိသေသပ်နေတဲ့ အဖြူရောင်ဆံပင်တွေကို ထိုးဖွကာ ခါးထောက်၍ ပါးစောင်ကိုလျှာဖြင့် ထိုးလျက် ဘာဆက်လုပ်ရသင့်လဲ စဉ်းစား၏။

Daniel KingWhere stories live. Discover now