Part-60

17K 622 97
                                    

Unicode

"မောင်မြန်မာပြည်ကိုရောက်သွားတယ်။ အဲ့တာကြောင့်မို့ ဘေဘီနဲ့မတွေ့ရတော့တာပေါ့ ။ ပြီးတော့ အတိတ်လည်းမေ့သွားသေးတယ်"

သူဖြစ်ပျက်ခဲ့သမျှကို ဂရုတစိုက်နားထောင်ရှာသည့် ဘေဘီ့မျက်နှာလေးက ငိုမဲ့မဲ့ဖြစ်နေရှာသည်။ ဘေဘီလက်ကလေးတွေက သူ့ရဲ့ပါးပြင်ကို ထိထားပြီး သူ့မျက်ဝန်းတွေကို သေချာကြည့်နေသေးတယ်။

"မောင့်ကို ဆရာဝန်တစ်ယောက်က ကယ်ထားခဲ့လို့ မောင်အခုလိုပြန်လာနိုင်တာပေါ့။မောင်သာ အတိတ်မေ့မသွားရင် ဘေဘီ့ဆီ စောစောပြန်လာနိုင်ပါတယ်။အခုတော့ မောင့်ဘေဘီလေး ပင်ပန်းရပြီ"

"နင်ကပင်ပန်းရမှာပါ။ငါက မပင်ပန်းပါဘူး"

"မောင်ကဘာမှမမှတ်မိပေမဲ့ ဘေဘီ့ကိုတော့ မှတ်မိနေခဲ့တယ်ဆိုတာ ဘေဘီယုံလား။ ဘယ်အခြေအနေပဲရောက်ရောက်လေ ဘေဘီ့ကြောင့် မောင်ရူးရတယ်"

"သတိရနေခဲ့တာ"

"မောင်သိတာပေါ့။မောင့်ကလေးက မောင့်ကို ဘယ်လောက်ထိလွမ်းနေမလည်း မောင်သိတယ်"

ဘေဘီငိုတာကိုသဘောမကျပေမဲ့ ဘေဘီကတော့ ထပ်ငိုနေပြန်သည်။

"နင်ပြန်လာတယ်ဆိုတာ ငါမယုံနိုင်သေးဘူး ဘုရင်ရယ်။နင့်ရင်ခွင်ထဲမှီထားခွင့်ရတာတောင် စမ်းတဝါးဝါးအိမ်မက်လိုပဲ။ဒါပေမဲ့ ဒါသာအိမ်မက်ဆိုရင် ဒီအိမ်မက်ထဲမှာပဲ ငါ့ကိုယ်ငါပိတ်လှောင်ထားမယ် ဘယ်တော့မှ ပြန်ပြီးမနိုးထတော့ဘူး"

"ဘေဘီ့ဆီမောင်ပြန်လာပြီလေ။ မောင်ပြန်လာပြီကလေးရဲ့။ မငိုနဲ့တော့နော်။ ဘေဘီကို ဘယ်တော့မှခွဲမသွားတော့ဘူး"

"ဟင့်အင်း နင်ခွဲသွားရင်တောင် ငါက နင့်နောက်ကိုပဲလိုက်နေမှာ။တစ်စက္ကန့်လေးတောင် မခွဲဘူး။နင်သွားတဲ့နေရာတိုင်း ငါလိုက်မှာ"

"မောင့်ကိုချစ်လား"

"ချစ်တယ်"

"ဘယ်လောက်ထိတောင်လဲ"

"ငါ့အသက်ထပ် နင့်ကိုပိုချစ်တယ်"

ဘေဘီ့အဖြေစကားကြောင့် သူ့ပြုံးမိသွား၏။ ဘေဘီကတော့ ဘေဘီပါပဲ သူ့ကို ရူးအောင်လုပ်နိုင်တဲ့ အကောင်ပေါက်လေးက သူ့ကိုပိုချစ်အောင် ပြောနေပါတော့တယ်။

Daniel KingWhere stories live. Discover now