Part-2

63.5K 1.7K 88
                                    

Unicode

"တွေ့ရတာဝမ်းသာပါတယ်။Kingdomရဲ့ သခင်ကြီးကိုယ်တိုင် အခုလိုလာတွေ့လိမ့်မယ် ထင်မထားမိဘူး"

လက်ကမ်းကာ နှုတ်ဆက်လာသည့် ထိုလူ့ကို ဥပေက္ခာပြုရင်း ဆိုဖာပေါ် ခပ်လျော့လျော့မှီထိုင်လိုက်၏။လက်ထဲ ကိုင်ဆောင်လာတဲ့ စီးကရက်ကို စားပွဲပေါ်ရှိကြွေခွက်ထဲထိုးချေပြီး မေးဆတ်ပြကာ...

"ပြော"

တစ်ခွန်းသာပြောမိ၏။ပြန်လည်နှုတ်ဆက်ခြင်း မခံရတဲ့ထိုလူက ရှက်ဝဲဝဲရယ်လျက် ဘုရင့်အရှေ့ကခုံမှာဝင်ထိုင်လေသည်။

"ကျုပ်တို့ ဒီလအပေးအယူအတွက် အဆင်မပြေတော့ဘူးဗျာ။ကျုပ်ဆရာက လမ်းကြောင်းတွေကို ရိပ်မိနေပြီလို့ ကျုပ်ထင်တယ်"

"အဟွန်း !! "

"သခင်ကြီးအနေနဲ့ ကျုပ်ကိုနားလည်မယ်လို့ ထင်ပါတယ်"

"ဒီလောကမှာ ကျုပ်အမုန်းဆုံးက မသေချာပဲပြောတဲ့စကားတွေကိုပဲ"

ရယ်သံသော့သော့ဖြင့်ပြောလိုက်တဲ့စကားအဆုံး ထိုလူ့ပခုံးတွန့်သွားတာ မြင်လိုက်ရလေသည်။

တစ်ဖက်နိုင်ငံဆီ လက်နက်တင်သွင်းသည်က ဘုရင်တို့လုပ်ငန်းတွေထဲက တစ်ခုပင်။ထိုလုပ်ငန်းအတွက် လမ်းကြောင်းရှင်းဖို့ရန် နယ်စပ်ဒေသအကြီးအကဲတို့ထံ ငွေအမြောက်အမြားပေးရစမြဲ။ ယခင်က အမြဲလိုလို ဘုရင့်လက်အောက်ခံဖြစ်ခဲ့တဲ့ သူက အခုမှ ဒီစကားထွက်လာတာ ဘာကိုလိုချင်နေမှန်း လူကဲခတ်တော်တဲ့ဘုရင်က ချက်ချင်းသိလေသည်။

"ခင်ဗျား ဆရာက ဘယ်လောက်လိုချင်တယ်တဲ့လဲ"

"ဟာ ကျုပ်ကအဲ့တာလိုချင်လို့ပြောတာ မဟုတ်ပါဘူးသခင်ကြီးရာ။လမ်းကြောင်း မပေးနိုင်တော့တဲ့အကြောင်း..."

"ဒီလောကမှာ ကျုပ်ကျဉ်လည်နေတာ ကြာပြီ။ ခင်ဗျားပြောတာကို ယုံမယ်ထင်လို့လား"

"ဗျာ !! "

"အရာရှိငယ်လေးက သူ့အထက်အရာရှိမသိပဲ လမ်းကြောင်းတွေကိုဖွင့်ပေးဖို့တဲ့...ဟား ဟား "

ထိတ်လန့်မှုနဲ့အတူ သခင်ကြီးကို အလန့်တကြားကြည့်မိ၏။သူနဲ့အတူ သူ့ဆရာကပါပူးပေါင်းနေကြောင်း သိနေခဲ့ရင် သူတို့အတွက်ကောင်းတာမရှိချေ။

Daniel KingWhere stories live. Discover now