University life(Special Extra-2)

5.4K 291 80
                                    

Unicode

သစ်လွင်တယ်၊လတ်ဆတ်တယ်၊လန်းဆန်းတယ် စသဖြင့် အသစ်အသစ်သောခံစားချက်တွေအပြင် ရွှင်လန်းနေတဲ့စိတ်အစုံကလည်း ကောင်းမွန်စွာဖြစ်တည်နေ၏။ ရှူရှိုက်ရတဲ့ လေထုကအစ လတ်ဆတ်ကောင်းမွန်ပြီး လေထုထဲမှာ ချိုလွင်လွင်အမွှေးရနံ့တချို့ကပ်ပါလာသည်လို့ထင်ရသည်။

ပျော်စရာလေးများရနိုင်မလားဆိုတဲ့ အတွေးနဲ့ မျက်လုံးအိမ်ကိုဖြန့်ကျက်ကစားရင်း သူ့ရဲ့ ခြေလှမ်းတွေက တက္ကသိုလ်မြေပေါ်မှာ။ ကျောင်းသားဘဝက သူထင်ထားတာထက်ပိုပြီး ကြည်နူးဖို့ကောင်းနေတာပဲ။ငယ်ရွယ်မှုရဲ့ အနှစ်သာရကလည်း တက္ကသိုလ်မြေမှာရှိသည်။

ကျောင်းဝန်းကျယ်ကြီးထဲမှာ အရောင်အသွေးစုံလင်စွာနဲ့ အသီးသီးသွားလာလှုပ်ရှားနေတဲ့လူတွေ၊စုဖွဲ့ပြီးထိုင်နေတဲ့ အုပ်စုတွေ ထိုအထဲကမှ သူ့ရှေ့ရောက်လာသည်က အစိမ်းနုရောင်အရိပ်ကလေးတစ်ခု...

လိပ်ပြာလေးတစ်ကောင်လို ပေါ့ပါးလူးလွင့်ကာ သူမဆီကနေ ခပ်ချိုချိုအမွှေးရနံ့တချို့ရလိုက်၏။ထိုအရိပ်ရဲ့ပိုင်ရှင်က
လက်ထဲမှာ စာအုပ်တပွေ့တပိုက်နဲ့။

"King ... မင်းတွေ့နေပြီလား"

"ဟင်"

"ငေးနေလို့လေကွာ"

"ဟား မဟုတ်ပါဘူး"

ရှက်ကိုးရှက်ကန်းဖြင့် လည်ပင်းကိုပွတ်ကာ Kun ဆွဲခေါ်တဲ့နောက်ကို လိုက်လာမိသည်။

"ကျောင်းတတ်ချိန်လည်းမဟုတ်သေးတော့ canteen မှာထိုင်ကြတာပေါ့ကွာ"

"မဆိုးပါဘူး"

မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ထိုအရိပ်ကလေးကို နောက်လှည့်တကြည့်ကြည့်နဲ့ကြည့်ရင်း စိတ်လိုလက်ရပြုံးမိပြန်၏။ အခွင့်ရှိရင် မျက်နှာလေးသေချာမြင်ချင်မိသေးရဲ့... ကိုယ့်ရဲ့ပျော်စရာလေး။

ရှင်သန်နေရတဲ့အခိုက်အတန့်အတွက် ဦးနှောက်မှာမှတ်စရာတစ်ခုတိုးလာတဲ့အချိန်။ ဦးနှောက်ထက်ပိုပြီး နှလုံးသားကို အလုပ်ပေးလိုက်မယ်ဆိုရင် စွဲမြဲစွာမှတ်မိနေမှာက
အဲဒီနေ့က အစိမ်းနုရောင်ရှပ်အင်္ကျီလက်ရှည်နဲ့ဂျင်းဘောင်းဘီတိုကို ဝတ်ထားတဲ့အမျိုးသမီးတစ်ဦး ။ နှလုံးသားနဲ့ မှတ်လိုက်တာမို့ အခန့်မသင့်ပဲ ရင်ခုန်သံတွေကြားတိုးဝင်သွားမယ်ဆိုရင်ဖြင့် ... တာဝန်ယူမဲ့သူကရှိပါ့မလား။

Daniel KingUnde poveștirile trăiesc. Descoperă acum