University life(Special Extra-9)

4.5K 242 81
                                    

Unicode

ရောင်စုံမီးရောင်တွေအောက်မှာ အဖြူထည်လေးရဲ့ဖြစ်တည်မှုက ထည်ထည်ဝါဝါရှိနေသည်။ ထိုဖြစ်တည်မှုလေးက သူ၏ အဖြူရောင်ဆံပင်တွေကို စည်းနှောင်၍ အဖျားကိုခပ်ဖွဖွချထား၏။လည်ပိတ်အင်္ကျီအနက်ရောင် တံတောင်ဆစ်ဖုံးကိုဝတ်ဆင်ထား၏၊ စတိုင်လ်ပန်အနက်ရောင်ဖြင့် တစ်ကိုယ်လုံးနက်စွေးနေသည်။

"king ... ကောင်မလေးတွေခေါ်ပေးထားတယ်နော်။ ဘယ်လိုလဲ ငါတို့ခေါ်ခဲ့တာနေရာမှန်တယ်မဟုတ်လား"

"တစ်ဝက်မှန်တယ်၊တစ်ဝက်မမှန်ဘူး"

"ဟမ့် ဘာကမှားတာလဲ"

"ဒီလိုbarမျိုးခေါ်တာလာ ဆိုးတော့မဆိုးပါဘူး။ကောင်မလေးခေါ်ပေးတာတော့မှားသွားပြီ... မင်းတို့က private roomမှမငှားထားတာ"

"အယ်မီရှိတဲ့ ကီယံကတောင်မကြောက်ရဘူး မင်းကဘာတွေကြောက်နေတာလဲဟ"

"ကြောက်တာတော့ ဘယ်ဟုတ်မလဲ။ စိုးရိမ်တာ..."

ဟုတ်တယ် သူတကယ်စိုးရိမ်ပါသည်။ မတော်တဆများ မမရဲ့သူငယ်ချင်းတစ်ယောက်ကမြင်ပြီး သွားပြောလိုက်လို့ အထင်လွဲခံရမှာကို သူ​စိုးရိမ်တယ်။

"အရင်က ဒါမျိုးနေရာလာဘူးလား"

"အင်း"

"မကြာခဏလား"

"အဲ့လိုပြောလို့ရတယ်"

"ဟ ဒီကောင်ကရိုးရိုးသားသားလေးမဟုတ်ဘူးပဲ။bird ကမင်းကိုဘာမှမသိတဲ့ အဖြူထည်လေးလို့ပဲ မှတ်နေတာ...တကယ်တမ်း မင်းကဆရာကြီးပဲ"

"မမနဲ့တွေ့ပြီးနောက်ပိုင်း ဆင်ခြင်ပါတယ်ကွာ"

မမနဲ့မတွေ့ခင်က barတွေ၊clubတွေ အများအပြားသွားဖူးသလို...ထိုနေရာတွေမှာ ခဏတာအပျော်အဖြစ် ကောင်မလေးတွေနဲ့လည်း အီစီကလီလုပ်ဖူးသည်။ဒါပေမဲ့ အဲ့တာတွေက မမနဲ့မတွေ့ခင်ကပါပဲ...အခုနောက်ပိုင်းဆို မမကလွဲလို့ဘယ်မိန်းကလေးကိုမှ စေ့စေ့မကြည့်တော့ပါ။

"bird နဲ့တွေ့မှာကြောက်မနေပါနဲ့ ငါ့ကောင်ရာ၊ ပြန်တိုင်ခံရလည်း မင်းထုံးစံအတိုင်း လုပ်လိုက်ပေါ့ကွာ... မင်းကျွမ်းပါတယ်"

ရေခဲထည့်လိုက်တဲ့ အရက်ခွက်ကို သူ့ဘက်တိုးပေးရင်း ပြောလာတဲ့ လီယံနဲ့စကားကြောင့် သူ့ပခုံးတွန့်ပြမိ၏။

Daniel KingWhere stories live. Discover now