Part-4

47.5K 1.4K 106
                                    

Unicode

လူတစ်ယောက်ကိုချစ်မိရင် အမြဲတမ်းအလျော့ပေးရမယ်ဆိုတဲ့စကားက Daniel Kingအတွက်တော့ လုံးဝမှားသည်။
သူမကို ချစ်သည်။သူ့ရင်တွေကွဲမတတ်ချစ်ပေမဲ့ အပြစ်လုပ်လျှင်လည်း ခွင့်လွတ်ပေးမှာမဟုတ်ပေ။သူသေချာပေါက်အပြစ်ပေးမှာ...သို့တည်း အပြစ်ပေးပုံ ပေးနည်းတွေကတော့ ကွာမှာပေါ့။
မြကျေးတမာနွယ်ဟာ Daniel Kingရဲ့ ဘဝလေ။

"သခင်ကြီး ။ လော့ယန် ပါ"

"ပြော ဘေဘီ့အခြေအနေဘယ်လိုရှိလဲ"

"သခင်ကြီးထင်ထားသလိုပါပဲ"

တစ်ဖက်ကစကားကြောင့် သူ့ရင်တွေ နာကျင်ရသည်။ ထင်ထားတဲ့အတိုင်းဆိုတော့ ဘေဘီဟာ သူ့ကိုယ်သူသတ်သေပါတယ်လို့ ဆိုလိုတာပေါ့။

"အခုရော"

"သတိမေ့နေပါတယ်"

"ဘယ်လိုဖြစ်တာလဲ။နေမကောင်းဘူးလား"

"အစ်မလေးက ဖျားနေတယ်။စံအိမ်မှာ သခင်ရောက်နေလို့ ကျွန်မအိမ်ကိုပဲ..."

"ကောင်းပါတယ်။ဒီအတောအတွင်း ငါပြန်လာနိုင်မှာမဟုတ်သေးဘူး။သူ့ကို မင်းပဲစောင့်ရှောက်ပေးပါ"

"ဟုတ်ကဲ့"

"ငါပို့ခိုင်းထားတာကရော"

"သူမ လက်ထဲအရောက်ပို့ခဲ့ပါတယ်"

"ဒါဖြင့် ဘေဘီ့ကို မင်းလက်ထဲအပ်ခဲ့ရမှာပေါ့။
တစ်ခုတော့မှတ်ထားပါ။ဘေဘီက မင်းလေ့ကျင့်ပေးရမယ့် ကိုယ်ရံတော်တပ်ဖွဲ့သား မဟုတ်ဘူးလော့ယန်။မင်းအိမ်မှာ ပျိုးထားတဲ့ ပန်းပင်လေးတွေလို ဂရုတစိုက်ကြည့်နေရမှာ"

"ကျွန်မအိမ်ကပန်းပင်တွေမရှိဘူး သခင်ကြီး။ ဂရုမစိုက်နိုင်လို့ သူတို့သေကုန်ပါပြီ"

ပြောစရာစကားမရှိအောင် Daniel King ဆွံံ့အရသွားသည်။ဆိုတော့ ... နေပါအုံး ။ သူ့ဘေဘီဟာ 'လော့ယန်'လက်ထဲမှာ သေရင်သေသွားနိုင်တာပေါ့။သူအလန့်တကြားဖြစ်ရ၏။

"လော့ယန် ။ ငါဥပမာပေးတာ မှားသွားတယ်။ မင်းရဲ့ပန်းပင်တွေလို သူ့ကိုဂရုစိုက်စရာမလိုဘူး။ သူ မထိခိုက်အောင်ထားနိုင်ရင်ရပြီ"

"ဟုတ်ကဲ့"

"မျက်နှာလေးခဏလောက်မြင်ရမှ ငါစိတ်အေးနိုင်မယ် လော့ယန်။မင်းဘယ်လိုကူညီနိုင်မလဲ"

Daniel KingWhere stories live. Discover now