University life(Special Extra-1)

7.4K 323 65
                                    

Unicode

Dam King နာမည်ရတဲ့ခေါင်းဆောင်၏ စောင့်ရှောက်မှုအောက်တွင်ရှိနေတာမို့ 'The King' စံအိမ်ကြီးက တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။ အလုပ်လုပ်ရာတွင် စည်းစနစ်ကြီးသူဖြစ်တဲ့ Dam Kingက ဆူညံသံတွေကိုလည်း မကြိုက်ပါ ။ဒါကြောင့်ပဲ ဂိုဏ်းသားတွေအားလုံးက တိတ်ဆိတ်ငြိမ်သက်စွာပင် လှုပ်ရှားသွားလာကျသည်။

သို့သော် တစ်ယောက်သောသူကတော့ဖြင့် ၊ The King စံအိမ်ရဲ့စည်းကမ်းမှန်သမျှကို ချိူးဖောက်သလို၊ထိုစည်းကမ်းတွေကိုလည်း သူနဲ့မဆိုင်သလိုသတ်မှတ်ထားသူပင်...

အိမ်ရဲ့တိတ်ဆိတ်မှုနဲ့လားလားမှမဆိုင်အောင် စံအိမ်အပေါ်ဆုံးအထပ်ရဲ့ဘေးဆုံးအခန်းမှာ သီချင်းသံကပျံ့လွင့်နေ၏။ထိုသီချင်းသံတွေနဲ့အတူ ယိမ်းထိုးကခုန်နေသည့်လူတစ်ယောက်...

🎶 Brazil , Morocco , London to lbiza
Straight to LA ,New York , Vegas to Africa
Dance the night away
Live your life and stay young on the floor  🎶

ပျံ့လွင့်လာတဲ့သီချင်းသံနဲ့အတူ ထိုအခန်းရဲ့ တံခါးရှေ့ ခြေစုံရပ်နေသူ2ဦးလည်းရှိသည်။

"ဖွင့်လိုက်လေ တံခါးကို"

"ဗျာ"

"တံခါးဖွင့်လိုက်"

"ဖြစ်ပါ့မလား သခင်ကြီး။အရင်တစ်ခါကလည်း သူသီချင်းနားထောင်နေတုန်း အခန်းတံခါးဖွင့်မိတာ ... ဖန်ခွက်နဲ့ပေါက်ခံရတယ်။ ဒီတစ်ခါဆိုရင်တော့.."

ကြားရတဲ့စကားကြောင့် Dam King စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါမိသည်။ တစ်ဦးတည်းသောသားမို့ အလိုလိုက်ချင်ပေမဲ့ သူ့သားကတော့ သူ့ကိုကျေနပ်ပုံမပေါ်ပါ။ broken familyမှာကြီးပြင်းလာတဲ့ကလေးဖြစ်တာတစ်ကြောင်း၊အမေဖြစ်သူရဲ့ သိမ်းသွင်းစကားတွေအောက်မှာ နားဝင်နေသည်။ဇနီးသည်နဲ့ကိုယ်နဲ့ကြားမှာ ပြဿနာရှိပေမဲ့ Dam Kingဟာ ကိုယ့်ရဲ့အမွေဆက်ခံမဲ့တစ်ဦးတည်းသောသားDaniel Kingကိုတော့ ပစ်ပယ်ထားသူမဟုတ်ပါ။ ငွေကြေးပြည့်စုံအောင်ထောက်ပံ့သလို ၊ 5ကြိမ်1ကြိမ် အိမ်မှာ1လနေဖို့ ဇနီးသည်နဲ့ညှိနှိုင်းပြီးသားဖြစ်သည်။

"Mask ... ဒီတံခါးကိုမင်းဖွင့်ရမလား။ငါဖွင့်ရမလား"

"ကျွန်တော်...ကျွန်တော်ပဲဖွင့်လိုက်ပါ့မယ်"

Daniel KingWhere stories live. Discover now