Part-73

11.7K 394 67
                                    

Unicode

"မင်းဘယ်သူလဲ"

အန္တရာယ်ဆိုတာသိလိုက်သည်နှင့် ထိုလူ့လက်ထဲက ဆေးထိုးအပ်ကိုဆွဲယူကာ ထိုအပ်နဲ့ပဲ အနှီလူ့လည်ပင်းဆီချိန်ထားလိုက်သည်။

"မင်းကိုဘယ်ဂိုဏ်းကလွတ်လိုက်တာလဲ"

"ကျွန်တော်...ကျွန်တော်တောင်းပန်ပါတယ် ခင်ဗျားပြောနေတာတွေ ကျွန်တော်ဘာမှမသိဘူး"

"မလိမ်နဲ့ လိမ်ရင်မင်းကိုငါသတ်မှာ။
ပြောစမ်း...ဘာရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာတာလဲ။"

"ဗျာ ... ကျွန် ကျွန်တော်ကဆေးထိုးပေးဖို့ပါ"

"ခွေးမသား...မင်း ဒီကလေးကို သတ်ဖို့လာတာမလား"

ဆူညံ့နေတဲ့အသံတွေကြောင့် ကျေးလန့်နိုးလာ၏။ ဘုရင့်မျက်နှာက ခုနကနဲ့မတူပဲ ရုတ်ချည်းပြောင်းလဲကာ နဖူးကသွေးကြောတွေထင်းသည် အထိ ဒေါသထွက်နေသည်။

"ဘုရင် ... ဘာ ... ဘာတွေဖြစ်နေကျတာလဲ"

"ဘေဘီအသာနေစမ်း။
ပြော...မင်း ဒီကိုဘာရည်ရွယ်ချက်နဲ့လာလဲ"

"ကျွန်တော်မလိမ်ပါဘူး။ကျွန်တော့်ကို ဦးလေးလွတ်လိုက်လို့ ဆေးထိုးပေးဖို့ရောက်လာတာပါ"

"ဘု ရင်  "

ဘေဘီ့အသံထိတ်လန့်ကာတုန်ရီလာတာမို့ သူ့ဒေါသတွေကို ထိမ်းချုပ်ဖို့ခဲယဉ်းလာတယ်။

ထိုစဉ်မှာပဲ အခန်းထဲရောက်လာသူက ဒေါက်တာ...

သူတို့ဖြစ်နေတာကိုမြင်တဲ့ဒေါက်တာက ထိတ်လန့်တကြားဖြင့် kingရဲ့လက်ကို ဆွဲသည်။

"သခင်ကြီး... စိတ်လျော့ပါဗျာ အခုလိုမလုပ်ပါနဲ့"

"ဒီလူက ကျုပ်မိန်းမကိုသတ်ဖို့လာတာ ဘာကိုစိတ်လျော့ရမှာလဲ"

"မဟုတ်ဘူး။သူက ကျုပ်တူလေးပါ။ ကျုပ်မှာရုတ်တရက်ကြီးအရေးပေါ်ကိစ္စကြုံလာလို့ သခင်မကိုဆေးထိုးပေးဖို့ သူ့ကိုလွတ်လိုက်တာ။ သူက...ဆရာဝန်ပါဗျာ"

"သေချာလား"

"သခင်ကြီးကိုမလိမ်ရဲပါဘူး...သူကဆရာဝန်ပါ။ အလုပ်သင်မို့ မျက်နှာစိမ်းတာ...ဒါပေမဲ့ ကျုပ်မလိမ်ပါဘူး"

Daniel KingNơi câu chuyện tồn tại. Hãy khám phá bây giờ