Part-18

26.6K 862 293
                                    

Unicode

ညဥ့်နက်အချိန်ကိုရောက်သည်နှင့် Kingdom စံအိမ်တစ်ခုလုံး တိတ်ဆိတ်နေသော်လည်း စံအိမ်ရဲ့တစ်နေရာမှာတော့ လှုပ်လှုပ်ရှားရှားဖြစ်ကာ စိုးရိမ်ပူပန်မှုတို့ကြောင့် အသီးသီးပျက်ယွင်းနေတဲ့ မျက်နှာတို့နှင့် လူ၄ယောက်။

"သူ ဘာဖြစ်လို့ပြန်မလာသေးတာလဲလော့ယန်"

မနေနိုင်သည့်အဆုံး လော့ယန်ကို ခပ်တိုးတိုး မေးလိုက်သူက ကျေးဖြစ်သည်။

"အန္တရာယ်ရှိတာဖြစ်နိုင်တယ်။မဟုတ်ရင် ဒီအချိန်လောက်ဆို သခင်ကြီးပြန်ရောက်ရတော့မှာ"

"ဟင် ! ဒါဆို ကျေးတို့သူ့နောက်လိုက်သွားကျမယ်လေ"

"အဲ့လိုသာလိုက်သွားလို့ရမယ်ဆို လော့ယန်တို့ ဒီနေရာမှာရှိနေမှာမဟုတ်ဘူး။အဲ့ဒီနေရာက သွားချင်တိုင်းသွားလို့ရတဲ့နေရာမှမဟုတ်တာပဲ ကျေးရဲ့"

"ဟင့်အင်း…ကျေးလိုက်သွားမယ်။အဲ့ဒီကို ရောက်ဖူးတယ် …နေရာကိုလည်း မှတ်မိတယ်"

နီရဲနေသောမျက်ဝန်းတို့ထံမှ ခပ်စူးစူးအကြည့်တို့ ဟာ ကျေးဆီရောက်လာတာမို့ ထသွားဖို့ရန်ပြင် နေတဲ့ ကျေးရဲ့လက်တွေကို လော့ယန်ဆွဲထား လိုက်သည်။

"မင်း သွားလေ။သွားပြီးမှ အန္တရာယ်ဖြစ်ခဲ့ရင် မင်းကိုကယ်ဖို့ Daniel Kingမရှိဘူး"

သို့ပေမဲ့ သည်းခံနိုင်မှုအတိုင်းအတာ မိုင်ကုန်နေသည့် ပြတ်တောင်းတောင်းထွက်လာတဲ့ အသံက Damသခင်ကြီးရဲ့အသံပင်။

"ဒါဆို ကျေးတို့က သူဘာဖြစ်နေလဲ မသိပဲ ဒီတိုင်းထိုင်နေရတော့မှာလား"

"သူ့ကို အခုလိုဖြစ်အောင်လုပ်တာ မင်းပဲ မြကျေးတမာနွယ်။ဒီလမ်းကိုရောက်အောင် ပို့ခဲ့တာလည်း မင်းပဲ။အခု သူဒုက္ခရောက်ရရင် လည်း  အဲ့တာမင်းကြောင့်ပဲ။မင်း ခေါင်းမာပြီး မင်းရဲ့ညီမကိုကယ်ခိုင်းလို့…မင်းသူ့ကိုမချစ်ဘူးဆို ဘာဖြစ်လို့ မင်းချစ်တဲ့သူကို မကယ်ခိုင်းရတာလဲ။ငါ့သားသာ တစ်ခုခုဖြစ်ရင် မင်းကိုအပိုင်းပိုင်းခုတ်ပြီး ကျားစာကျွေးပစ်မယ်"

ဒေါသကြောင့် အံကြိတ်ရင်းဆိုလာသည့် သခင်ကြီးကို ကြောက်ရွံလှစွာဖြင့် လောယန့်ဘက်ကိုသာ အားကိုးတကြီး တိုးကပ်လိုက်လေသည်။Damသခင်ကြီးက သူ့သားကို ဘယ်လောက်ချစ်မြတ်နိုးကြောင်းသိထားသည့်ကျေးအဖို့ ကျားစာကျွေးမယ် ဆိုတဲ့စကားက စနှောက်နေခြင်းမဟုတ်မှန်း သေချာပါသည်။

Daniel KingNơi câu chuyện tồn tại. Hãy khám phá bây giờ