Part-45

18.3K 615 118
                                    

Unicode

သားကိုကျောင်းကြိုရမည်မို့ ကျောင်းရှေ့ကို အစောကြီးရောက်နေမိသည်။ကားပေါ် ထိုင်စောင့်နေရင်း ဘေဘီ့ကို လက်ထပ်ခွင့်တောင်းခဲ့တုန်းက videoကိုသာ ထပ်ခါတလဲလဲပြန်ကြည့်နေမိ၏။ကိုထွဋ်နဲ့ ပယ်ပင်းကူညီပေးလို့ ဒီvideoကိုရခဲ့ပေမဲ့ ဘေဘီ့ကိုတော့ အသိမပေးခဲ့ပါ။

တီ ... တီ

သူ့ကလေးမလေးက အကြားအမြင်ရနေသလား သတိရနေချိန်မှာ ဖုန်းဆက်လာသည်။

"မောင့်ဘေဘီ ဘာဖြစ်လို့လဲ"

"အန်ကယ်က သားကိုတွေ့ချင်လို့တဲ့။ကျောင်းကအပြန် သူ့ဆီဝင်တွေ့ပါလို့ ဖုန်းဆက်လာတယ်"

"မောင့်ဆီမဆက်ပဲ ဘေဘီ့ဆီကို ဘာဖြစ်လို့ဆက်တာလဲ"

"ဖုန်းမကိုင်လို့ဆို"

"ဟုတ်ပြီ ။ မောင်ဝင်ပို့ထားခဲ့မယ်။ ဘေဘီရော ဘာမှာအုံးမလဲ"

"ဟင့်အင်း"

ဖုန်းပြောနေတုန်းမှာပဲ ကျောင်းတံခါးဖွင့်ကာ ကလေးတွေထွက်လာကျ၏။ တခြားကလေးတွေလို ဘေးမှာသူငယ်ချင်းမပါပဲ တစ်ယောက်ထဲ ပုံမှန်လေးလျှောက်ကာတဲ့ သားကြောင့်...

"သားထွက်လာပြီဘေဘီ။ဖုန်းချလိုက်နော်"

"ဟုတ် ။ ကားမောင်းတာဂရုစိုက်နော်"

"အင်း ချစ်တယ်"

ဘေဘီ့ဆီကလက်ထပ်ခွင့်ရပြီးထဲက သူအမြဲမပျက် ပြောတာ ချစ်တယ်ဆိုတဲ့စကားပဲဖြစ်လိမ့်မည်။ သူ့အချစ်တွေပုံအောထားသူမို့ ချစ်သည့်ဆိုတဲ့ အကြောင်းကို နေ့တိုင်း၊အချိန်တိုင်း ပြောပြဖို့က သူ့တာဝန်ပေ။

:::::

မီးရောင်စုံနှင့်ဆူညံနေသည့် ကလပ်ကိုသွားရသည့် အချိန်အများစုဟာ သူ့စိတ်ထွက်ပေါက်ရအောင် ဖြစ်သည်။အခုတော့ ထိုကလပ်ထဲက မြင်ကွင်းတွေကပဲ သူ့ကိုအနှောင့်အယှက် ဖြစ်နေစေပြီ။

အယ်နီးနဲ့နှုတ်ခမ်းချင်းဖိကပ်နမ်းနေသူက သူသိတဲ့ ထွဋ်ပါပဲ။လူမှားစရာအကြောင်းမရှိပါ သူ့ရှေ့မှာတင် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်နေရတာပဲ။ သို့တိုင် အမှောင်ထဲမှာထိုင်နေတဲ့ သူ့ကို ထွဋ်ကတော့မြင်ပုံမရပါ။

Daniel KingWhere stories live. Discover now