University life(Special Extra-4)

4.8K 255 90
                                    

Unicode

"အိ ...သားက အဲဒီသဘောမျိုးနဲ့ပြောတာမှမဟုတ်တာ။နေ့လည်စာလေး အတူတူစားချင်လို့ကို"

အိခနဲငိုချလိုက်တဲ့အသံ​က အရှေ့ကိုဆက်လှမ်းရမဲ့ ကျေးရဲ့ခြေလှမ်းတို့ကို အလိုလိုရပ်တန့်သွားစေသည်။ငိုနေတယ်...ဘယ်လိုကောင်လေးပါလိမ့်။

"သူငယ်ချင်းမရှိလို့ အားငယ်နေတာ။ ကျောင်းပြောင်းလာတဲ့လူမို့ ဘယ်သူကမှလည်း အဖက်မလုပ်ဘူး။မမ ကိုမြင်မြင်ချင်း ကိုယ့်မေမေလိုပဲခံစားရလို့ မုန့်အတူစားဖို့ခေါ်မိတာပါ ... "

သူပြောလာတဲ့စကားက ကျေးကိုပြုံးမိစေသည်။ နောက်ပြန်လှည့်ကာ ထိုကောင်လေးအရှေ့ကိုသွားလိုက်တော့ ကောင်လေးက ခေါင်းကိုငုံ့ထား၏။လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ကာ ပခုံးကတလှုပ်လှုပ်နဲ့ဖြစ်နေတာမို့ စိတ်မကောင်းဖြစ်သွားရသည်။

"ကောင်လေး။ငိုနေတာလား"

"မြင်ရဲ့သားနဲ့ ထပ်မမေးနဲ့ ရှက်တယ်"

"အဟား တကယ်ပါပဲ။မရှက်ဘူးလား မင်း ဟိုမှာ တစ်ခန်းလုံးမင်းကိုကြည့်နေပြီ"

"ဟင် !! "

အထိတ်တလန့်နဲ့ဘေးကိုကြည့်လိုက်ပေမဲ့ အခန်းထဲမှာဘယ်သူကမှရှိမနေပါ။ သူလာလာချင်းတုန်းကရှိနေတဲ့ အယ်မီတောင်မှ အခုရှိမနေတော့ဘူး။ပြုံးစိစိနဲ့သူ့ကိုကြည့်နေတဲ့ မမသေးသေးလေးရယ်...သူရယ်သာ အခန်းထဲမှာကျန်နေခဲ့ပါသည်။

"လူကိုလိမ်နေတယ်"

"မင်းငိုတာချစ်စရာလေးကို။ကဲပါ မငိုနဲ့တော့။ တို့ကမင်းကိုစတာ"

"မမကိုမနှောင့်ယှက်ချင်ပါဘူး။သားက သူငယ်ချင်းရချင်ယုံပါ"

"သူငယ်ချင်းဖြစ်ချင်ရင် သားလို့မပြောနဲ့လေ။ မဟုတ်မှ မင်းကတို့က တကယ်ကြီး မင်းရဲ့မေမေလို့စိတ်ထင်နေတာလား"

"ဟုတ်"

"အဟင်းး...မင်းကတကယ်တခြားကောင်လေးတွေနဲ့မတူဘူး။ဒါပေမဲ့နော် သူငယ်ချင်းတွေက သားလို့မပြောဘူးကောင်လေး"

အခုထိပြုံးနေဆဲ မမသေးသေးလေးကြောင့် Daniel Kingခေါင်းညိတ်လိုက်သည်။

Daniel KingWhere stories live. Discover now