Part-64

13.4K 519 125
                                    

Unicode

လှလှလေးပြုံးနေတဲ့ ဘေဘီ့ဓာတ်ပုံလေးမှာ စွန်းနေတဲ့သွေးတွေကိုစိုက်ကြည့်ရင်း ဘုရင့်နှလုံးသွေးတွေ ဆူပွက်လာသည်။ ဓာတ်ပုံမှာKingdom နာမည်ကိုရေးကာ သူ့မျက်စိရှေ့ အရောက်ပို့ခဲ့တာဟာ Daniel Kingကို စိန်ခေါ်လိုက်တာလို့ သတ်မှတ်ရမည်။

"ဘယ်သူဖြစ်နိုင်လဲ ။ အခုလိုမျိုး ရန်စရဲတာ ဘယ်ခွေးမျိုးဖြစ်နိုင်လဲ"

Daniel Kingရဲ့ မျက်ဝန်းအစုံက ဒေါသကြောင့်နီရဲနေကာ ခပ်ပြတ်ပြတ်အသံမှာလည်း ကြောက်မက်ဖွယ် အငွေ့အသက် အပြည့်ရနေသည်။

"မသိဘူး"

"ဘာ "

အသံပြတ်ကြီးနဲ့အတူ ပယ်ပင်းကို စူးခနဲ
လှည့်ကြည့်လာသည်။

"မသိဘူးဆိုတာမလိုချင်ဘူး ။ ဒီခွေးမျိုးကို ရအောင်ရှာပြီး ငါ့လက်နဲ့အဆုံးသတ်ပေးမှာ"

"ငါတို့အချိန်တစ်ခုလိုတယ်king။ ဒီလိုလုပ်နိုင်တဲ့သူမှာလည်း ငါတို့မမြင်နိုင်တဲ့ အင်အားတွေရှိနေနိုင်တယ် ။ ဥပဒေဘက်တော်သားလည်းဖြစ်နိုင်လို့ ငါတို့ ဆင်ခြင်သင့်တာ ဆင်ခြင်ရမယ်"

"ဥပဒေ ... အဟွန်း  မင်းက ဥပဒေကို ကြောက်နေတာလား ပယ်ပင်း ။ ငါဆိုတဲ့ကောင်က ဥပဒေကို လက်တစ်လုံးကြားကစားလာတဲ့ကောင်။ ဘာ...ဆင်ခြင်သင့်တာ ဆင်ခြင်ရမယ် ဟုတ်လား။ ကြောက်တတ်ရင် ကိုယ့်လည်ပင်းကိုယ် ဖြတ်လိုက်မယ်"

သွေးစွန်းနေတဲ့ ကျေးရဲ့ဓာတ်ပုံဖြင့် ပယ်ပင်းရင်ဘတ်ကို ရိုက်ကာ ပြောနေသည်မှာ kingရဲ့ဒေါသအရှိန်ကို ဖော်ပြနေသည်။

"ဒါပေမဲ့ ငါတို့ဘက်က ဘာမှပြန်လုပ်ခွင့်မသာအောင် ဟိုဘက်က အစီအစဉ်ချသွားတာ။အာဏာပိုင်ထဲက ဟုတ်မဟုတ်ကို ငွေကိုအသုံးချပြီးစုံစမ်းရင်"

"ငွေရှိတိုင်း မင်းဖြစ်ချင်တာလုပ်လို့ရမယ်ထင်လား။ ပိုက်ဆံရှိတိုင်း ဘာမဆိုဖြစ်နိုင်ရင် ငါလိုဂိုဏ်းချုပ်က နိုင်ငံအာဏာပိုင်ကို ပါးတတ်ရိုက်ပြီး ပိုက်ဆံနဲ့ပစ်ပေါက်ခဲ့မယ်ဆိုတာ မင်းခေါင်းထဲ စွဲနေအောင်မှတ်ထား"

kingက ဆံပင်တွေကိုထိုးဖွလျက် တခြားဘက်ကို လျှောက်သွား၏။ ထိုစဉ် တချိန်လုံး ငြိမ်နေခဲ့တဲ့ ထွဋ်က သူ့ကို မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်လာကာ...

Daniel KingWhere stories live. Discover now