Part-26

20.9K 604 105
                                    

Unicode

"မြကျေးတမာနွယ်"

အတွေးထဲနစ်မြောနေစဉ် ပခုံးကိုပုတ်ကာ ခေါ်လာတဲ့ ပယ်ပင်းကြောင့် လန့်ဖြတ်သွားရ၏။
ပယ်ပင်းက သူမကိုကြည့်ရင်း ပြုံးလာကာ...

"ဘာတွေများအဲ့လောက်ထိစဉ်းစားနေလို့လဲ"

"ဘာမှမဟုတ်ပါဘူး။ကျေး သွားတော့မယ်"

"နေပါအုံး ကျေးရဲ့။ငါ့ကို အချိန်ခဏလောက် ပေးစမ်းပါ"

အခန်းထဲမှာနှစ်ယောက်ပဲကျန်နေခဲ့တယ်ဆိုတဲ့ အတွေးနဲ့ အပြင်ကိုထွက်လိုက်ပေမဲ့ ပခုံးကနေ ဆွဲခံလိုက်ရသည်။

"ရှင်ဘယ်လိုဖြစ်နေတာလဲ။"

"ငါ မင်းနဲ့ပြောစရာရှိတယ်"

"ဟင့်အင်း ... ရှင်နဲ့ကျေးမှာပြောစရာ ဘာအကြောင်းမှမရှိဘူး"

"Kingအကြောင်းဆိုရင်ရော"

"သူ့ကိစ္စက ငါနဲ့မှမဆိုင်တာ"

ဂဏှာမငြိမ်တဲ့မျက်ဝန်းတို့ကို ပယ်ပင်း သေချာအကဲခတ်နေသည်။

" မင်း ... ဒီအိမ်ကနေထွက်သွားချင်လား"

"ငါမသိဘူး။ဘာတွေလာပြောနေတာလဲ။ ငါသွားတော့မယ်"

"မင်းထွက်သွားချင်ရင် ငါ့အကူအညီယူလို့ရပါတယ်"

ပယ်ပင်းက ဘုရင်နဲ့အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သည့်အလျောက် အခုလက်တလော ထူးဆန်းနေတာ ကျေးသတိထားသည်။ကျေးသတိမေ့ဟန်ဆောင်နေခဲ့တုန်း ဘုရင့်ဆီက ကျေးကိုတောင်းတာလည်း သိထားပြန်သလို ပယ်ပင်းကို ဘုရင်ခင်တွယ်မှန်းလည်းသိသည်။ ဒီလူနှစ်ယောက်ကိုတော့ ပြဿနာမရှိစေချင်တာ ကျေးရဲ့ ဆန္ဒအမှန်...

"မောင့်ဘေဘီ..."

တစ်ခုခုပြောဖို့ဟန်ပြင်လိုက်စဉ် ပြတ်တောင်းတောင်းအသံကြောင့် အနားရောက်လာတဲ့ ထိုအသံပိုင်ရှင်ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်၏။

"မောင့်ဘေဘီ...ဘာဖြစ်လဲ။သူ ဘေဘီ့ကို ဘာလုပ်လိုက်တာလဲ"

"ဘာမှမလုပ်ပါဘူး"

"ဒါဆို ဘာဖြစ်လို့မျက်နှာမကောင်းရတာလဲ"

"ဘာမှမဖြစ်ပါဘူးဆို"

Daniel KingWhere stories live. Discover now