Part-66

14.7K 512 60
                                    

Unicode

လူစည်ကားတဲ့စက်ရုပ်ပြပွဲ၊ဆွေးနွေးပွဲဆီ ဘုရင်တို့ရောက်လာသည်နှင့် VIPတန်းမှာ ထိုင်စောင့်ကာ မိန့်ခွန်းများနဲ့ စက်ရုပ်တီထွင်မှု အကြောင်း ရှင်းပြသည်များကို နားထောင်နေရသည်။

တီထွင်သူတစ်ယောက် စင်ပေါ်တတ်ရှင်းပြတိုင်း မမောနိုင်မပန်းနိုင်တဲ့လက်ခုပ်တီးကာ ပျော်မြူးနေသူက သူ့ရဲ့ဘေဘီပင်။ သားကတော့ခြေထောက်တဖက်ချိတ်ကာ ခပ်ငြိမ်ငြိမ်ထိုင်နေပေမဲ့ ဘေဘီက အငြိမ်မနေပဲ ဘေးမှာထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကို စကားပြောလိုက် လက်ခုပ်ထတီးလိုက်ဖြင့် သူမဘေးမှာထိုင်နေတဲ့ ကိုယ့်ကိုပင် မော့လျော့နေလေသလို။

"ဒီနေ့ပြပွဲအတွက် ကျွန်တော့်ရဲ့ဖန်တီးမှုက ဒီလောက်ပါပဲ"

ဖြောင်း...ဖြောင်း

ထွက်ပေါ်လာတဲ့ လက်ခုပ်သံတွေကြောင့် ဘေဘီ့လက်ကို သူဆုပ်ကိုင်လိုက်၏။

"တော်ပြီလေ လက်တွေနာကုန်တော့မယ်"

"ငါပျော်လို့ပါဆို"

"မတီးပေးနဲ့ လက်ကလေးတွေတောင်ရဲနေပြီ"

ကလေးလေးတစ်ယောက်လို ဟိုကြည့်ဒီကြည့်နဲ့ ဘေဘီက သူ့စကားကို အာရုံမရောက်သည်မို့...

"လျှောက်ကြည့်ချင်နေပြီးလား...ခဏလေးပဲ
စောင့်နော်။မောင့်အလှည့်ပြီးရင် ပြခန်းထဲလိုက်ပို့ပေးမယ်"

"ဟုတ် ။ ပြီးရင် greentea သောက်ချင်တယ်"

"ဗိုက်ဆာနေပြီလား"

"အင်း"

"ဒီကအစားအသောက်တွေတော့ မစားစေချင်ဘူး။ မသန့်ဘူး...ကျွေးရမှာလည်း မောင်စိတ်မချဘူး။ ချောကလက်တော့ပါတယ် စားမလား"

"အင်း...အင်း စားမယ်"

သူထုတ်ပေးတာတောင်မစောင့်ပဲ သူ့အိတ်ကပ်ထဲက ဆတ်ခနဲဆွဲယူသွားကာ ဖောက်စားနေပြန်သည်။ မနက်က သူ့အတွက် ပျော်ပေးနေခဲ့တဲ့ဘေဘီက သူစက်ရုပ်ပြပွဲ သွားမည့်အကြောင်း ကိုယ်ရံတော်တပ်ဖွဲ့တွေဆီ သွားပြောသလို ဂိတ်အထိမမောမပန်းပြေးကာ ပြောရှာသည်မို့ မနက်စာမစားခဲ့ရ။

Daniel KingWhere stories live. Discover now