Part-6

43.2K 1.2K 52
                                    

Unicode

အမှောင်ထုနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ ဘုရင့်မျက်လုံးတွေက စူးရဲစွာဖြင့် တစ်စုံတစ်ယောက်ကိုကြည့်နေလေသည်။အေး၍ထင် ခြုံပေးထားတဲ့စောင်နဲ့ ကွေးကာအိပ်နေသည့်ပုံလေးက အပြစ်တွေလုပ်ထားတဲ့ ဘေဘီနဲ့လားလားမျှမဆိုင်။

သူမထွက်သွားပြီလို့ကြားလိုက်ရတဲ့အချိန် သူ့ကမ္ဘာပျက်ခဲ့သည့်တိုင် သူမကတော့ သူမချစ်သူနဲ့ အတူရှိနေသည်တဲ့။ပိုပြီးနာကျဉ်ရသည့်အဖြစ်က လွန်ခဲ့တဲ့၃နှစ်တုန်းကနဲ့ အလားတူစွာ သူ့နဲ့ ပိုက်ဆံ ယှဉ်ရင် ပိုက်ဆံကိုသာရွေးချယ်သွားသည်။

"အပြစ်တွေများနေပြီဘေဘီ။ဒီပုံစံအတိုင်း ဆက်လုပ်နေရင်တော့ မင်းကို မောင်သတ်မိတော့မယ်"

ဆုံလည်ခုံမှာထိုင်လျက် စီးကရက်ဖွာကာ ခပ်တိုးတိုးပြောလိုက်သည့်အသံကို ဘေဘီသာကြားခဲ့ရင် ကြောက်ရွံ့ကာ ငိုကြွေးပေအုံးမည်။

"အင်း အခုတောင် သတ်ချင်စရာလေးပဲကို"

သူမကိုသိပ်ထားသည့် ငွေပုံနား လျှောက်သွားရင်း စားပွဲပေါ်က ဝိုင်ပုလင်းကိုယူဖို့လည်း သူမမေ့။တစ်ဝက်ကျိုးနေပြီဖြစ်တဲ့ စီးကရက်ကို အောက်သို့ ပစ်ချရင်း ခြေထောက်ဖြင့်နင်းခြေသည်။

"မောင်ကချစ်နေရင်တောင် အပြစ်လုပ်ထားလို့ အပြစ်ပေးရမယ်ဘေဘီ"

ခန္ဓာကိုယ်ပေါ် စီးကျလာတဲ့ အေးစက်စက်အရာများကြောင့် ကျေးရဲ့မျက်လုံးတွေပွင့်လာ၏။မျက်လုံးပွင့်လာတိုင်း မြင်နေရသည့် အမှောင်ထုကို မုန်းတီးလှသည်။

"Hey ! Babe "

"ဘုရင်"

"Right ကိုယ်ပဲ"

"နင် ဘယ်လိုဖြစ်ပြီး ငါ့ကိုရှာတွေ့တာလဲ ။အခု ငါ့ကိုဘယ်နေရာခေါ်လာတာလဲ။ အရိုင်းအစိုင်းကောင် ငါ့ကိုအခုလွတ်ပေး "

"ဒီလောကမှာ Daniel Kingမတတ်နိုင်တာ မင်းကိုမုန်းဖို့ပဲရှိတယ်"

သြရှရှအသံတို့မှာ ညို့အားအပြည့်ပါ၏။ထိုပြင် သူ့လက်တွေကပါ ကျေးရဲ့ ရင်ဘတ်ကို ပွတ်သတ်လာသည်။ဒါပေမဲ့အေးစက်စက်အထိအတွေ့ကြောင့် ကျောတွန့်သွားရ၏
။အေးလိုက်တာ။မျက်လုံးတွေကလည်း ဖွင့်မရအောင် စည်းနှောင်ထားခြင်းခံရပြီး လက်တွေကိုပင် နောက်ပစ်၍လက်ပြန်ကြိုး တုပ်ခံထားရမှန်း ခံစားလို့ရသည်။

Daniel KingWhere stories live. Discover now