Part-52

13.7K 486 53
                                    

Unicode

ရီဝေဝေမူးနောက်နေရာမှ အားတင်း၍ မျက်လုံးတို့ကို ဖွင့်လိုက်ပြီး ဘေဘီ့ကို အရင်ဆုံးရှာမိသည်။သူ့ကို ထိုင်ခုံမှာ လက်ပြန်ကြိုးတုပ်ထားပြီး ပေါင်ပေါ်ဆင့်တင်ထားသည့် အင်္ဂတေပြားတွေ။ထိုကြောင့် ဦးခေါင်းကနာကျင်မှုအပြင် ခြေထောက်ဆီက ပိုပြီးနာကျဉ်ရသည်။

"ဘေဘီ ... ဘေဘီဘယ်မှာလဲ"

ဘေးဘီကိုကြည့်လိုက်တော့ လက်နက်ကိုင်ကာ စောင့်ကြပ်နေရသည့် လူတွေကို သူမေးလိုက်၏။ ထိုစဉ်မှာပဲ Justinက သူ့အနားလျှောက်လာလျက်...

"မင်းရဲ့ချစ်သူကို ရှာနေတာလား"

"Justin ။ ဘေဘီရော သူအခုဘယ်မှာလဲ။ မင်းတို့ သူ့ကို ဘာလုပ်လိုက်ကျလဲ"

"သိပ်လည်းမစိုးရိမ်ပါနဲ့ Daniel King ။ သူမကို ချက်ချင်းမသတ်ပစ်ပါဘူး"

"ဘေဘီ့မှာ ဘာအပြစ်မှမရှိဘူး။သတ်ချင်ရင် ငါ့ကိုသတ်လိုက်"

"လူကိုသတ်မဲ့အစား စိတ်ကို သေအောင်သတ်မှာ Daniel King။မင်းချစ်တဲ့မိန်းမ မင်းရှေ့မှာတင် ဝေဒနာခံစားပြီး မချိမဆံ့သေရမှာကို မင်းကြည့်ရမှာ"

"တောက် မင်း သူမကိုထိစရာမလိုဘူး"

ဘေဘီ့အရိပ်အယောင်တောင် မတွေ့ရသေးသည်မို့ ကြိုးချည်ခံထားသည့်ဆီမှ ရအောင် ရုန်းကန်နေမိသည်။ဘေဘီ ဘယ်ရောက်နေတာလဲ။

"စိတ်လျော့ပါ ။ ချက်ချင်းမသတ်ဘူးလို့ ပြောထားတယ်လေ"

"Justin မင်းငါ့ကိုမကျေနပ်ရင် ငါနဲ့ရှင်းလို့ရတယ်။ သတ်ချင်လည်း သတ်ပစ်လိုက်။အေး ဘေဘီ့ကိုတော့ လက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့"

"မကျေနပ်တာလား ... "

Justinက စဉ်းစားသလို လုပ်ပြီး အင်္ဂတေပြား တစ်ချပ်ကို ထပ်တင်၏။

"နာသလား Daniel King"

ထိုနာကျင်မှုကို အံကြိတ်ပြီး သည်းခံထားသည်။ တစ်ချိန်က သူ့ရဲ့ လက်အောက်ခံ အဖွဲ့သားဖြစ်တဲ့ Justinဆီက သစ္စာဖောက်ခံရတာပဲ။ အာဏာပိုင် Joeကို သတ်ဖို့စေခိုင်းလိုက်သည့်လူက အခုတော့ သူ့ကိုသတ်မည့်လက်နက်ဖြစ်နေသည်။

Daniel KingWhere stories live. Discover now