Part-50

20.1K 569 41
                                    

Unicode

kingဆီကစကားကို လက်မခံနိုင်သလို ထွဋ်အနေနဲ့ ယုံလည်းမယုံကြည်နိုင်ပါ။သူ့ညီမလေးမှာမှ ဘာဖြစ်လို့ ဒီလိုရောဂါဆိုးကြီးရှိနေရတာလဲ။

"မဖြစ်နိုင်ဘူး king ။ ကျေးမှာ အဲ့လိုရောဂါရှိနေတာလုံးဝမဖြစ်နိုင်ဘူး။ ငါမယုံဘူး"

"ကျွန်တော်ကကိုထွဋ်ထက်ပိုပြီး မဖြစ်စေချင်တဲ့လူပါ"

"ကုသလိုက်ရင် ... ဟုတ်တယ် ကုလို့ရမှာပါ ။ ဒါပေမဲ့ ဘယ်သူ့နှလုံးကို..."

ကိုထွဋ်ပြောချင်တာကို ဘုရင်နားလည်သည်။ ဘယ်သူကများ နှလုံးအစားထိုးဖို့ လိုလိုလားလားကြည်ဖြူပါ့မလဲ။

ပုံမှန်လူတချို့အတွက် ဒီကိစ္စက ခက်ခဲမယ်ဆိုပေမဲ့ ဘုရင့်လိုလူအတွက်က ပိုက်ဆံလိုအပ်နေသူ အသက်ကို ငွေနဲ့ဝယ်ယူလို့ဖြစ်နိုင်တဲ့ကိစ္စပင်။ ဘေဘီသိလို့တော့မဖြစ်ဘူးပေါ့။ဘေဘီသာသိရင် လက်ခံမှာမဟုတ်ပေ။

"king မင်းဘယ်လိုတွေးထားလဲ"

"ကျွန်တော်ပြောမဲ့ကိစ္စက မဖြစ်နိုင်ဘူးဆိုပေမဲ့ ဖြစ်အောင်လုပ်မှာ"

"မင်းဘယ်လိုလုပ်မလဲ။ငါ့ညီမလေး...ငါ့ညီမလေးကို ဒီအတိုင်းပဲ လက်လွတ်လိုက်ရမှာလား"

"ဆက်မပြောနဲ့ကိုထွဋ် ။ ကျွန်တော် အသက်ရှိနေသရွေ့ ဘေဘီ့ကိုလက်မလွတ်ဘူး"

စိတ်လှုပ်ရှားလွန်းလို့ ထွဋ်ရဲ့စိတ်တွေရှုပ်ထွေးနေ သည်။king အော်လိုက်တော့မှ အသိစိတ်ပြန်ကပ်သလို ခပ်ကြောင်ကြောင်သာ။

"king ငါ့ကိုပြော။ငါ့ညီမလေးကိုကယ်ဖို့ ငါဘာလုပ်ရမလဲ"

"ကျွန်တော် ဘေဘီ့ကို Snck Parkဆီ ခေါ်သွားဖို့စိတ်ကူးထားတယ်။Snckမှာသာဆို ဘေဘီ့အတွက်လိုတဲ့ နှလုံးကိုရနိုင်မှာပါ"

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းရောင်းသည့် ဂိုဏ်းတစ်ခုဖြစ်သည့် Snck Park ကို ထွဋ်လည်းသိထားပါသည်။

"မှောင်ခိုလုပ်ငန်းမို့ အသက်အာမ မခံတာမို့ ကျွန်တော်တို့ဘက်က သေချာတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့အကူတွေလိုတယ်"

"ငါ့သူငယ်ချင်းထဲရှိတယ်။ဒါပေမဲ့ Snck Parkက ရောင်းပါ့မလား။ပြီးတော့ ကျေးကလည်း"

Daniel KingWhere stories live. Discover now