Part-59

14.3K 625 161
                                    

Unicode

"ဦးက မင်းပါပါးနဲ့ဆင်လို့လား"

"ပါပါးကိုချစ်တယ်"

"အေးပါအကောင်ပေါက်စလေးရယ်။ ခုနက သေနတ်နဲ့ထောက်တာ မင်းမဟုတ်သလိုပဲ"

"ပါပါးကို မာမားကလည်းစောင့်နေတာ"

"ဟင်"

ငိုရှိုက်ရင်းပြောလာသည်ဆိုပေမဲ့ ပြတ်ပြတ်သားသား ကြားလိုက်ရသည့်စကားက သူ့ကိုဆွံ့အစေသည်။မိန်းမတောင် မယူရသေးခင် သားတစ်ယောက်ရယုံသာမကပဲ မာမားဆိုသည့်တစ်ယောက်ကိုပါ အဆစ်ရတော့မည်လား။

"ပါပါးပြန်လာတာသိရင် အကုန်ဝမ်းသာကျမှာ"

"အေးပါသားရယ်"

"မာမားကလေ ပါပါးကိုလွမ်းလို့ နေ့တိုင်းငိုနေတာ"

"ဟုတ်လား"

"အထဲဝင်ရအောင်လေ"

"ဦးက..."

"ပါပါးပါဆို"

"သြော် အေးပါ။"

သူနဲ့ရုပ်ချင်းဆင်တူလွန်းတာလားဟူ၍ပင် သံသယဝင်လာသည်။ကလေးက ချစ်စရာကောင်းပေမဲ့ သူ့ကိုစနောက်နေဟန်လည်း မပေါ်ပါ။

"ပါပါးကလေ တွေ့ရမဲ့လူရှိသေးတယ်ကွ။ ခဏနေမှဝင်ခဲ့လို့မရဘူးလား"

"ရတယ်"

"ဒါဖြင့် သားဒီမှာစောင့်နေနော်။ဦး...အဲ ပါပါးပြန်လာခဲ့မယ်"

"ပါပါးပြန်လာရမယ်နော်။ ပြန်မလာမချင်း ဒီမှာပဲ သားစောင့်နေမှာ"

"အေးပါသားရယ်။ပြန်လာမှာပါ"

ကလေးရဲ့ခေါင်းလေးကိုပွတ်ပေးကာ ထိုနေရာမှ ခပ်သွက်သွက်ထွက်လာခဲ့၏။ နည်းနည်းဝေးဝေးကို ရောက်သည်နှင့် နောက်ပြန်လှည့်ကြည့်တော့ အကောင်ပေါက်စလေးက သူထားခဲ့တဲ့နေရာမှာပဲ ရှိနေသေးတော့ ရင်းနှီးတယ်လို့ခံစားရတဲ့ ခံစားချက်နဲ့အတူ သူမထင်မှတ်ထားတဲ့ မျက်ရည်တို့က ကျဆင်းလာပြန်သည်။

လက်နက်ကိုင်ပြီး သူတစ်ပါးကို အာဏာပေးနိုင်သည့် ဒီကလေးက Kingdomကလား ဒါမှမဟုတ် ဘယ်အိမ်က ကလေးလည်းဆိုတာ ဘုရင်သိချင်သည်။ထို့ကြောင့် နံရံနောက်မှာ ကပ်ကာ ထိုကလေးကို ဆက်ကြည့်နေမိ၏။

Daniel KingWhere stories live. Discover now