ယွီဖုန်းချန်မှာ ထိုနာမည်ကို ကြားတာနှင့် သူ့မျက်ခုံးများတွန့်ကွေးလို့သွားပြီး အမှုမဲ့အမှတ်မဲ့လို မေးလာသည်။ "မင်းတို့ မတွေ့ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။"

"ဟမ်? ဘယ်သူလဲ။"

"ယန့်ရှောင်းကျင်း"

"မင်းရဲ့ကျောင်းဖွင့်ပွဲတုန်းကတွေ့ဖြစ်တာ နောက်ဆုံးပဲ။" ပိုင်ရှင်းယွီ ပြုံးဖြီးဖြီးနှင့် ယွီဖုန်းချန်မေးဖျားကို တူဖြင့် ပင့်မလိုက်သည်။ "သဝန်တိုနေတာ?"

ယွီဖုန်းချန် နှုတ်ခမ်းမဲ့ကျသွားသည်။ "သူက ငါ မရှိနေတဲ့နှစ်ဝက်လောက် ဒီမှာရှိနေတာလေ။"

"သုန့်ယွမ်လည်း ဒီမှာရှိနေတာပဲ။ ဘာလို့ သုန့်ယွမ်ကျ သဝန်မတိုလဲ။"

"သုန့်ယွမ်ကကျ .. ယုန်လေးလိုပဲ။ မခြိမ်းခြောက်နိုင်ဘူး။"

ပိုင်ရှင်းယွီ အော်ရယ်မိသွားသည်။ "ငါ မင်းကို ဘယ်နှစ်ကြိမ်လောက် ပြောပြရမှာလဲ။ ဒီသခင်လေးကအဖြောင့်၊ တကယ်အဖြောင့်၊ ငါ ယောက်ျားလေးတွေကို မကြိုက်ဘူး။ မင်းကြောင့်သာ မထင်မှတ်ပဲ ကွေးသွားတာဆိုပေမယ့် အနှစ်ချုပ်ပြောရရင် အဖြောင့်အတိုင်းရှိနေဆဲပဲ။ အဲ့တာကြောင့် မပူနေနဲ့။ မင်းမှာ ဂေးဖြစ်ပြီး ယောက်ျားတစ်ယောက်နဲ့ တစ်ခန်းထဲအတူနေတာတောင် ငါ ဘာမှမပြောရဘူး။"

ယွီဖုန်းချန် မေးမော့ပြီးပြောလာသည်။ "ဘာတွေ တွေးချင်နေတာလဲ။ ငါက လူတိုင်းကို လိုက်ကြိုက်နေတာ မဟုတ်ဘူး။"

ပိုင်ရှင်းယွီ နှာမှုတ်လိုက်သည်။ "ဒါလည်း ဟုတ်တာပဲ။ ငါသာ ရုပ်ချောမနေရင် အစကတည်းက မင်း ငါ့အနောက်ကနေ လိုက်နေမှာ မဟုတ်ဘူး။"

ယွီဖုန်းချန် သူ့မေးဖျားကို ဖျစ်ညှစ်ရင်း ညစ်ကျယ်ကျယ်ပြုံးသွားသည်။ "ငါ မင်းကို စတွေ့တုန်းက မင်း တရှုံ့ရှုံ့ငိုရင်း မင်းအမေကို အော်ခေါ်နေတာလေ။ အဲ့အချိန်တုန်းက ငါ့အောက်မှာ ငိုနေမယ့်မင်းပုံစံကို မြင်ရဖို့ အကြမ်းပတမ်း တက်လုပ်ချင်စိတ်ပါ ပေါ်သွားတာ။"

ပိုင်ရှင်းယွီ လက်မြှောက်ပြီး အော်ရယ်လိုက်သည်။ "တကယ်ကို အရှက်မရှိဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now