ပိုင်ရှင်းယွီ ရုတ်တရက် အုံ့မှိုင်းလို့သွားတဲ့သူ့ကိုကြည့်ရင်း နည်းနည်းတော့ နေရခက်သွားသည်။ "ရပြီ။ မင်းကို မနှောင့်ယှက်တော့ဘူး။ ငါ တကယ် ပြန်သွားမှရမယ်။"

"မင်း ဘာလို့ အိမ်ပြန်ဖို့ကို ဒီလောက်ထိလောနေရတာလဲ။"

ပိုင်ရှင်းယွီ ခဏမျှ တိတ်သွားပြီး တဲ့တိုးသာပြောပြလိုက်သည်။ "ငါ့အမေကို အဖော်ပြုပေးမလို့။"

သူ့အမေ နေရခက်သည့်ခံစားချက်များဖြင့် အတွေးဆိုးများ တွေးနေမိမှာကို သူ စိတ်ပူသည်။ သူ့အမေရဲ့စိတ်ပျက်သလိုအကြည့်များကို သူ ပြန်စဉ်းစားမိတဲ့အချိန် သူ့နှလုံးသားထဲရှိ အပြစ်ရှိသလိုခံစားချက်များက ပိုလို့တောင် တိုးပွါးလာတော့သည်။

ယွီဖုန်းချန် တစ်ခုခုပြောဖို့ တွန့်ဆိုင်းနေပုံပေါ်လာပြီးမှ ပြောလေသည်။ "ဒါဆိုလည်း မင်း ပြန်သွားလေ။ ဒါပေမယ့် နောက်တစ်ခေါက်ကျရင် မင်း ငါ့ကို လာတွေ့ရမယ်နော်။"

"သိတယ်။" ပိုင်ရှင်းယွီ ခေါင်းငုံ့၍ သူ့နှုတ်ခမ်းကို ညင်ညင်သာသာ စုပ်ယူလိုက်သည်။ "မြန်မြန်သာ မင်းခြေထောက်ကို ကောင်းအောင်လုပ်။"

ယွီဖုန်းချန် သူ့ကို ပြန်တုန့်ပြန်နမ်းရှိုက်လာသည်။ "မင်းက ထော့ကျိုးနဲ့ဆို မလုပ်ချင်ဘူး ပြောတော့လည်း ငါ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းအောင် ကြိုးစားရမှာပေါ့။" ထို့နောက် သူ မကျေနပ်သလို ထပ်ဖြည့်ပြောသည်။ "ဒါပေမယ့် ငါ ဒဏ်ရာရထားတာ ခြေထောက်လေးပဲလေ။"

ပိုင်ရှင်းယွီ သူ့မျက်လုံးများကို အနည်းငယ်မျှ မှေးကျဉ်းထားရင်းမှ အနားတိုးကပ်လာကာ ယွီဖုန်းချန်ရဲ့နားထဲ ခပ်တိုးတိုးကပ်ပြောလိုက်သည်။ "အားကုန်သုံးမရဘူး။"

ယွီဖုန်းချန် ရုတ်တရက်ဆိုသလို ပိုင်ရှင်းယွီရဲ့လည်ပင်းအနောက်ကို ဖျစ်ညှစ်ထားရင်း သူ့နှုတ်ခမ်းများကလည်း မေးဖျားလေးအနား ဝေ့သီလို့သွားသည်။ "လုံးဝ မဖြစ်စေရဘူး။ ငါတို့ စမ်းကြည့်မယ်လေ။ တကယ်လို့ ငါ ကောင်းကောင်း မလုပ်နိုင်ဘူးဆို အပြစ်ပေးခံတဲ့အနေနဲ့ နောက်တစ်ခေါက် ထပ်လုပ်ပေးမယ်လေ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now