"ဦးလေးငယ် တပ်ထဲဝင်သွားတာ နှစ်ပေါက်နေပြီ။ ကျွန်တော့်ထက် ပိုနားလည်မှာပါ။ အဖျားရှိနေရက်နဲ့ နှင်းတောင်ပေါ် တက်လို့ရလား။ အဲ့ဒါက သေကြောင်းကြံနေတာနဲ့အတူတူပဲမလား။"

ဟော့ချောင် အမှုမထားသလို လက်ခါပြလိုက်သည်။ "ငါ့အဖျားက မနက်ဖြန်ဆို သေချာပေါက်ကျပြီ။"

လောင်-ရှားလည်း ဝင်ပြောသည်။ "အဖျား အကင်းပျောက်မှ ဆက်ပြောရအောင်။"

ဟော့ချောင် စူးကနဲကြည့်လိုက်သည်။ "အဲ့လူတွေက ငါ့အဖျားပျောက်တဲ့အထိ စောင့်မှာလား။"

လောင်-ရှားလည်း သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ "မင်း အဖျားမပျောက်သေးရင် ငါ ဦးဆောင်သွားမယ်။ ဘာထပ်ပြောချင်သေးလဲ၊ မင်း တကယ်သွားသေချင်နေတာလား။"

ဟော့ချောင် နှုတ်ခမ်းမဲ့ကျသွားသည်။ "ငါ အချိန်မီ အဖျားကျနိုင်တယ်။"

"တကယ် အဖျားကျသွားရင်တောင် ပြန်ဖြစ်နိုင်ချေရှိတယ်လေ။ ဦးလေးငယ်၊ ဒီတစ်ခေါက် မသွားပါနဲ့။ အန္တရာယ်များလွန်းတယ်။" ယွီဖုန်းချန် ဟော့ချောင်လက်ထဲမှ စာရွက်ဖိုင်ကို ဖိချထားရင်း အလေးအနက်ကြည့်လိုက်သည်။

ဟော့ချောင် ဘေးဘီလှည့်ကြည့်ရင်း ဟင်းချက်ဆောင်မှစစ်သားတိုင်း အလုပ်သွားကြပြီး သူတို့ အထူးတပ်ဖွဲ့သားများသာ ကျန်တော့တာကို တွေ့လိုက်ရမှ သက်ပြင်းချလျက် တိုးတိုးပြောလာသည်။

"ငါတို့ ဒီတစ်ခေါက် ထိပ်တိုက်တွေ့ရမှာ ဘယ်သူတွေလဲ မင်းတို့သိလား။ သတင်းအတိအကျရထားတာ အာဖရိကန် တောင်ဘက်ပိုင်းက ကြေးစားစစ်သားတွေပဲ။ သူတို့က အမေရိကမှာ စစ်ပညာသင်ထားကြတာ။ ဒီအသင်းထဲမှာ ငါကလွဲပြီး အဲ့လိုလေ့ကျင့်ထားတဲ့စစ်သားမျိုးနဲ့ ထိပ်တိုက်တွေ့ဖူးတဲ့သူ မရှိဘူး။ ဟန်ကျိုးနဲ့ အခြားဗိုလ်မှူးနှစ်ယောက်ကလည်း အဝေးမှာ မစ်ရှင်လုပ်နေရတယ်။ ပြန်လာပြီး အသင်းကို ဦးဆောင်ပေးဖို့က မဖြစ်နိုင်ဘူး။ လောင်-ရှား၊ ငါ မင်းကို မယုံတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် မင်းမှာ သူတို့နဲ့ပတ်သတ်တဲ့ အတွေ့အကြုံ မရှိသေးဘူး။ ငါ့ဘက်ကလည်း မင်းကို ဒီလို အရှုံးဘက် အားသာနေတဲ့တိုက်ပွဲမျိုး ဦးမဆောင်စေချင်ဘူး။ အဖျားရှိနေလို့ ရှေ့တန်းမထွက်ခဲ့တဲ့ နှင်းကျားသစ်တပ်မဟာက ဗိုလ်မှုးတဲ့၊ မင်း ကြားဖူးရဲ့လား။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now