ဟော့ချောင် ချန်းကျင်းရဲ့ပါးလေးကို ဆွဲညစ်ရင်း ပြုံးလျက် ပြောလိုက်သည်။ "အင်း၊ ငါတို့ခေါင်းဆောင်လေးက အကောင်းဆုံးပဲ။"

ယွီဖုန်းချန်လည်း မော့ကြည့်ပြီး ဟော့ချောင်းကို ပြုံးပြလာသည်။ "ဒုခေါင်းဆောင်၊ ကျေးဇူးပါ။"

ဟော့ချောင် ယွီဖုန်းချန် ဆံပင်ကို လှမ်းထိုးဖွပေးရင်း အကြီးတစ်ယောက်လို ချစ်ခင်မှုက သူ့မျက်နှာထက် ဖြတ်ပြေးသွားလေသည်။

ပိုင်ရှင်းယွီ သူတို့နှစ်ယောက်ကြား ပြောစရာမလိုသည့် နားလည်ခြင်းနှင့် နီးကပ်မှုများကို ကြည့်ရင်း သူ့နှလုံးသားထဲ ပိုလို့ ပိုလို့ နေရခက်လာတော့သည်။ အခုတော့ သူ ယန့်ရှောင်းကျင်းကိုတောင် အနည်းငယ်မျှ အပြစ်တင်ချင်လာမိပြီ။ ယန့်ရှောင်းကျင်းသာ ဒီလိုတွေ မပြောခဲ့ပါက သူ့အနေနှင့် ယွီဖုန်းချန် သူ့ဦးလေးကို ကြည့်ပုံအား အရေးတယူလုပ်မှာ မဟုတ်။ သူ ဘာလုပ်နေမိမှန်း သူကိုယ်တိုင်တောင် တကယ် မသိတော့။

သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်က သူတို့အရင် xx တပ်ရင်းရှိရာဆီသို့ ပြန်ခေါ်ဆောင်သွားပေးလာသည်။ သူတို့လေထဲ ရှိနေစဉ်အတွင်းမှာပဲ လေယာဉ်ဆင်းရမည့်နေရာတွင် လူအများအပြား မတ်တပ်ရပ်စောင့်နေတာကို မြင်လိုက်ရ၏။ ထိုလူများက အဖွဲ့လိုက် အစီအရီရပ်ခြင်းကို လျင်လျင်မြန်မြန် ပြုလုပ်နေကြသည်။ ပထမတန်းနှင့် နောက်ဆုံးတန်းက ရှည်မြောမြောနှင့် ဒုတိယတန်းက တိုတောင်းလှကာ သုံးလိုင်း စီရပ်နေကြပြီး သူတို့က တရုတ်စာလုံးတစ်လုံးကို ပုံဖော်ပြလို့နေလေသည်။ ဒါ တပ်ရင်း(၃)၏ တပ်ခွဲ(၃)မှ သူတို့၏ရဲဘော်ရဲဘက်များပင်!

T/N : 三 (ဂဏန်း သုံး)

ပိုင်ရှင်းယွီ ပြတင်းပေါက်ကို စိတ်လှုပ်ရှားတကြီး ဆုပ်ကိုင်ထားရင်း ချန်းကျင်းကို လှမ်းဆွဲပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်၊ ခေါင်ဆောင်၊ ကြည့်!"

ချန်းကျင်း ပိုင်ရှင်းယွီ ပခုံးကို ဆွဲဖက်ပြီး လှုပ်ခါလိုက်သည်။ ရင်းနှီးနေသည့် စစ်တန်းလျား၊ လေ့ကျင့်ရေးကွင်းပြင်နှင့် သိုလောင်ရုံများကို ကြည့်ရင်း သူတို့မျက်လုံးများပင် ပူနွေးစိုစွတ်လာတော့သည်။ သူတို့ ပြန်ရောက်လာပြီ၊ တကယ် ပြန်ရောက်လာပြီ!

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now