ယွီဖုန်းချန် သူ၏ပင့်သက်ရှိုက်အသက်ရှုမှုကြားမှ ပူပူနွေးနွေး အနမ်းရိုင်းများကို ပိုင်ရှင်းယွီ နှုတ်ခမ်းပေါ် ရစ်သီစွန့်ကြဲနေလေသည်။ ပိုင်ရှင်းယွီ စိတ်အခြေအနေကလည်း ဘာဆိုဘာမှ ခွဲခွဲခြားခြား မသိတော့ပဲ ယွီဖုန်းချန် လျှာလေးအား လက်ခံခွင့်ပြုလိုက်ပြီး စုပ်လိုက်ရှိုက်လိုက် လုပ်နေသည်။

ပိုင်ရှင်းယွီဆိုသည်မှာ ဝါးကျည်တောက်လို အဆံချောင်၊ သူဌေးသားတစ်ယောက်လို လူပေါ်ကြော့ ပျင်းရိပျင်းရွဲနေပေမယ့် မိန်းမကိစ္စနှင့် ပတ်သတ်ရင်တော့ အမြဲလိုလို ခြေတစ်လှမ်းသာနေတတ်သည်။ သူ ဆယ်ကျော်သက်အရွယ်ဘဝကတည်းက သူ့ထက် အသက်ကြီးသည့် မိန်းမလေးများနှင့် အီစီကလီ စတင်လုပ်ဖူးခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၆နှစ်၊ ၇နှစ်လုံး မိန်းကလေးတစ်ယောက်နှင့် တွဲမနေသည့်နေ့ဆိုတာ မရှိ။ ဒီခြောက်လလုံး အိပ်ယာပေါ်ကိစ္စများ တားမြစ်ရှောင်ရှားနေရခြင်းက ဆေးစွဲသူတစ်ယောက်ကို ရုတ်တရက် ဆေးဖြတ်ခိုင်းလိုက်သည့်အလား ခံရခက်လှပေမယ့် သူ တော်တော်ကို ကောင်းကောင်းကြိုးစားပြီး နေခဲ့သည်။ သူ အခုလုပ်နေတာက မှန်ကန်မှုမရှိဘူးဆိုတာ သိပေမယ့် .. သူ မလိုချင်သင့်ပေမယ့် တစ်စုံတစ်ယောက်နှင့် အတူရှိနေရသည့် ခံစားချက်က အလွန်ကို ကောင်းလွန်းသည်။ ပူနွေးနေသည့် အနမ်း၊ လောင်ကျွမ်းနေသည့် အသားအရည်၊ ကြမ်းတမ်း နာကျင်မှုများအကြား စိတ်ကျေနပ်မှု အပြည့်ရနေသည့်သူ၏ အောက်ပိုင်းတစ်နေရာ။ အရာအားလုံးက ခံစားရကောင်းလွန်းနေတာမို့ သူ ယွီဖုန်းချန်၏ နယ်ချဲ့ထွင်လာမှုအား ခုခံနိုင်စွမ်း မရှိတော့။ ထို့ကြောင့်မို့လည်း ယောက်ျားသားတွေဆိုတာ ဖြောင့်မတ်သလိုနှင့် လူတေလူညစ်များသာဆိုတဲ့ စကားက အလွန်ကို မှန်ကန်လှသည်။

စောင်တစ်စောင်ထဲအောက်မှာ လုံးထွေးရင်း တစ်ယောက်ဆန္ဒကိုတစ်ယောက် ဖြေလျော့ပေးနေရင်း တစ်ယောက်ကိုတစ်ယောက် ဝါးမျိုချတော့မည့်အလား နမ်းရှိုက်နေကြရင်း သို့လောသို့လော အတွေးပေါက်စေသည့် အနမ်းမိုးများက နားရွက်နောက်၊ လည်ပင်းသားပေါ်နှင့် ညှပ်ရိုးများအကြား ရွာသွန်းနေတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now